Chapter - 41 (Zawgyi & Unicode)
Start from the beginning
ရှန်း အခန်းထဲတွင် လူနှစ်ယောက်ရှိနေသည်။ တစ်ယောက်မှာ ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်လျက် လက်ပိုက်ထားပြီး ကျန်တစ်ယောက်မှာမူ အခန်းကို သန့်ရှင်းရေးလုပ်နေလေသည်။
"ချုံး .. အခန်းကို သေချာသန့်ရှင်းနေအောင် လုပ်"
ကျင်းရီ ကို ချုံး လှည့်ကြည့်ပြီး ခေါင်းငုံ့လိုက်စဉ် အခန်းနားသို့ လူတစ်ယောက်လာနေသည်ကို တွေ့လိုက်သဖြင့် ....
"ကိုယ်လုပ်တော် ကျင်းရီ ... တစ်ယောက်ယောက်လာနေပြီ"
ကျင်းရီ ချက်ချင်းထကာ ချုံး ကို တွန်းထုတ်လိုက်ပြီး အဝတ်စုတ်ကို ဆွဲယူလိုက်ကာ စားပွဲကို သုတ်ရှင်းနေဟန် လုပ်လေသည်။ တံခါးပွင့်သွားသည့်အခါ အထိန်းတော် ယင်း ဝင်လာပြီး ကျင်းရီ ထံ ဦးတည်သွားကာ ...
"ကိုယ်လုပ်တော် ကျင်းရီ ... ဒီညနေမှာ မင်းကြီးက ညီလာခံတစ်ခုလုပ်လိမ့်မယ် .. ဒီအခန်းကို ရှင်းလင်းပြီးရင် ခန်းမကြီးကိုသွားပြီး အပြင်အဆင်တွေကို ကူလုပ်ပေးလိုက်"
"ဘာ !!!"
အထိန်းတော် ယင်း မျက်နှာအနားကပ်ကာ ကျင်းရီ အော်မေးလိုက်လေသည်။ သူမအသံနှင့် အပြုအမူကြောင့် အထိန်းတော် ယင်း နှုတ်ခမ်းကိုတင်းတင်းစေ့လျက် မျက်မှောင်ကြုတ်လိုက်လေသည်။ သူမအမှားကိုချက်ချင်းသိသွားသဖြင့် ကျင်းရီ ခေါင်းငုံ့ကာ တောင်းပန်လေသည်။
"အထိန်းတော်ကြီး ... ကျွန်တော်မျိုးမ တောင်းပန်ပါတယ် .. အဲဒီညီလာခံရှိတယ်ဆိုတာ မသိလို့ပါ ... ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ"
အထိန်းတော် ယင်း မျက်ခုံးပင့်ကြည့်လိုက်ကာ မာထန်သောအသံဖြင့် ...
"ဖြစ်နိုင်ပါတယ် ... ဒီနေရာကိုလက်ခံလိုက်ကတည်းက ဘုရင်ရဲ့ ကိစ္စအားလုံးကို လုပ်ပေးရမှာ မင်းရဲ့တာဝန်ပဲ ... နားလည်လား"
ကျင်းရီ ခေါင်းကို အသာမော့တင်လိုက်ပြီး ....
"နားလည်ပါတယ်"
သို့သော် သူမအတွေးကမူ ဆန့်ကျင်စွာပင် ....
'ငါ့ကို အော်ရဲတဲ့မိန်းမကြီး ... ဒါကိုငါမှတ်ထားမယ် .. ငါမိဘုရားဖြစ်လာတဲ့အခါ ပထမဆုံးရှင်းပစ်ခံရတဲ့သူက ရှင်ပဲဖြစ်လိမ့်မယ် .. ဟက် '