Chapter - 41 (Zawgyi & Unicode)
Start from the beginning
'မင်းကြီးက ဒီဥယျာဉ်​ငယ်​ကို ဘာ​ကြောင့်​ အဲဒီ​ကောင်​ကို ​ပေးရတာလဲ ... ငါကပဲ ထိုက်​တန်​တာကို ... ဟွန့်​ .. ဒီ​နေရာကို ကြည့်​လိုက်​ရင်​ မင်းကြီးလက်​ထဲမှ ဇိမ်​ကျကျထိုင်​​နေတဲ့ သူ့ကို ​တွေးမိ​နေတယ်​ ... အဲဒါ ငါ့​နေရာပဲ ... ဒီလိုလုပ်​​နေရ​အောင်​ အဲဒီ​ကောင်​က အတင့်​ရဲတာပဲ '
ကျင်းရီေ​တွး​နေစဉ်​ပင်​ ချုံး သူမလက်​ကိုကိုင်​လိုက်​ကာ ...
"ကိုယ်​လုပ်​​တော်​ ကျင်းရီ ... ဟိုမှာ..."
သူမအ​တွေးကို ​နှောင့်​ယှက်​လိုက်​သည့်​ ချုံး​ ​ကြောင့်​ ကျင်းရီ စိတ်​ပျက်​သွားကာ ကျိန်​လိုက်​မိသည်​။ ချုံး ညွှန်​ပြသည့်​​နေရာကို ကြည့်​လိုက်​သည့်​အခါ တစ်​​ယောက်​တည်း ထိုင်​​နေ​သော အိုက်​ရှင်း ကို ​တွေ့လိုက်​သည်​။
ရွှေငါးများကို ​ပျော်​ရွှင်​စွာ အစာ​ကျွေး​နေ​သော အိုက်​ရှင်း ​ကြောင့်​ ကျင်းရီ စိတ်​မ​ကျေမနပ်​ဖြစ်​ကာ စိတ်​ရှိတိုင်းလုပ်​ချင်​​သော်​လည်း သူမ အကြံတစ်​ခု​တွေးမိ​လေသည်​။ ထိုအခါ သူမ မျက်​နှာ​ပေါ်တွင်​ ရက်​စက်​သည့်​အပြုံးတစ်​ခုဖြစ်​​ပေါ်လာကာ ချုံး ကို ​စောင်းကြည့်​လိုက်​ပြီး တစ်​ခုခုတီးတိုး​ပြောလိုက်​​လေသည်​။
ချုံး မျက်​လုံးပြူးသွားကာ ​ခေါင်းခါလိုက်​ပြီး ....
"ဒါ...ဒါ​ပေမယ့်​ အဆင်​​ပြေပါ့မလား ... အရှင်မင်းကြီး သိသွားရင်​ အမျက်​ထွက်​​နေဦးမယ်​ ..."
ချုံး ကို ကျင်းရီ မျက်​​မှောင်​ကြုတ်​ကြည့်​ကာ ...
"ရတယ်​ ... ငါ လုံးဝမမှားတတ်​ဘူး ... ငါ့ကိုယုံ .."
ထို့​နောက်​ အိုက်​ရှင်း ထံ ဦးတည်​​လျှောက်​သွားကြ​လေ​တော့သည်​။
T/N :....
နေ့လည်​က တင်​မလို့ကို မြို့ထဲမှာ လိုတာ​လေး​တွေ ဝယ်​​နေ လုပ်​​နေရတာနဲ့ အခုမှ တင်​ဖြစ်​လိုက်​တယ်​ ... gomenne :-*
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●