Chapter - 41 (Zawgyi & Unicode)
Start from the beginning
ကျင်းရီ ​ခေါင်းကို အသာ​မော့တင်​လိုက်​ပြီး ....
"နားလည်​ပါတယ်​"
သို့​သော်​ သူမအ​တွေးကမူ ဆန့်​ကျင်​စွာပင်​ ....
'ငါ့ကို ​အော်​ရဲတဲ့မိန်းမကြီး ... ဒါကိုငါမှတ်​ထားမယ်​ .. ငါမိဘုရားဖြစ်​လာတဲ့အခါ ပထမဆုံးရှင်းပစ်​ခံရတဲ့သူက ရှင်​ပဲဖြစ်​လိမ့်​မယ်​ .. ဟက်​ '
ကျင်းရီ ကို အထိန်း​တော်​ ယင်း သတိ​ပေးသလို တစ်​ချက်​ကြည့်​ပြီး သက်​ပြင်းချကာ ထွက်​သွား​လေသည်​။ ထွက်​သွားပြီးချက်​ချင်းပင်​ ကျင်းရီ သူမကိုင်​ထား​သော အဝတ်​စုတ်​ကို ပစ်​ချလိုက်​ပြီး ....
"ဒီမိန်းမကြီး ... ငါ့ကို​တောင်​ ပြန်​ခိုင်းရဲတယ်​ !! ကြည့်​​နေလိုက်​ .. ငါ့အသက်​နဲ့ကျိန်​တယ်​ ရှင့်​ကို ​ဒီတစ်​နှစ်​​နောက်​ဆုံးအ​နေနဲ့ ​နေခွင့်​​ပေးလိုက်​မယ်​ ... ဟွန့်​ ... အား !!!! ဒါကို ငါက ဘာ​ကြောင့်​လုပ်​ရမှာလဲ .. ဟိုလူကြီး​တော့ ငါ့ကို မင်းကြီးအနား​နေခွင့်​ရမယ်​လို့​ပြောပြီး ငါသန့်​ရှင်း​ရေးလုပ်​ခဲ့တာ နှစ်​ပတ်​​ကျော်​သွားပြီ ... အခုထိ မင်းကြီးကို မ​တွေ့ရ​သေးဘူး .... အား !!!! ဒင်းတို့က ငါ့ကို ဒီလိုလုပ်​တယ်​​ပေါ့​လေ"
အဝတ်​စုတ်​ကို အကြိမ်​ကြိမ်​ နင်း​ခြေပြီး​တော့မှ တံခါးကိုတွန်းဖွင့်​ကာ ထွက်​သွား​တော့သည်​။
အလွန်​စိတ်​ဆိုး​နေ​သော ကျင်းရီ ​ကြောင့်​ ချုံး လည်း ​ကြောက်​ကာ ဘာမှမ​ပြောရဲဘဲ အ​နောက်ုသာ လိုက်​သွား​လေသည်​။
ကျင်းရီ အခန်းထဲမှထွက်​လာပြီး စိတ်​တို​နေသဖြင့်​ ဘယ်​​နေရာသို့ ဦးတည်​​နေသည်​ကို မသိ​ပေ။ သူမသတိထားမိချိန်​တွင်​ ဥယျာဉ်​ငယ်​ထဲသို့ ​ရောက်​နှင့်​​နေပြီးဖြစ်​သည်​။
အလွန်​လှပ​သော ဥယျာဉ်​ငယ်​ကို မြင်​လိုက်​ချိန်​တွင်​ ရှန်း ​ပြောခဲ့​သော ခက်​ထန်​သည့်​စကားများနှင့်​ အိုက်​ရှင်း ကို သတိရမိ​လေသည်​။ ထိုအခါ မျက်​​မှောင်​ကြုတ်​လိုက်​ပြီး လှပ​သော သူမမျက်​နှာသည်​ မိစ္ဆာတစ်​​ကောင်​အလား ​ပြောင်းလဲသွား​လေသည်​။