Chapter - 40 (Zawgyi & Unicode)
31.3K 3K 95
●●●Zawgyi●●●
ဘုရင့်​မယ်​​တော်​သည်​ ရှန်း နှင့်​ က​တောက်​ကဆဖြစ်​ပြီး​နောက်​ အ​ဆောင်​တွင်​ ထိုင်​​နေရင်း ​ဗဟိုပင်​မဆိုင်​ရာအမတ်​နှင့်​ အမတ်​ ယု တို့ လာ​ရောက်​​တွေ့ဆုံ​လေသည်​။
အမတ်​နှစ်​​ယောက်​တို့ ​ပြောရန်​ပြင်​လိုက်​စဉ်​ မယ်​​တော်​က လက်​ကို​ဝှေ့ ရမ်းလိုက်​ကာ ...
"အမတ်​တို့ ဘာ​ပြောမလဲဆိုတာ သိပါတယ်​ ... အဲဒါ​ကြောင့်​ မင်းကြီးကို ကိုယ်​လုပ်​​တော်​ဆီကို သွား​တွေ့ဖို့​ပြောခဲ့​ပေမယ့်​ သူငြင်းလိုက်​တယ်​ ... ငါလည်း အကြံကုန်​​နေပြီ ... စဉ်းစားထားကြတာရှိရင်​ ​ပြောပါဦး"
အမတ်​တို့နှစ်​​ယောက်​ အချင်းချင်းကြည့်​လိုက်​ကြပြီး အမတ်​ ယု ကစ၍ ....
"မယ်​မယ်​ဘုရား ... အရင်​တုန်းကဆိုရင်​ ဘုရင့်​အနားမှာ ကိုယ်​လုပ်​​တော်​တစ်​​ယောက်​ဟာ အ​ဆောင်​​တော်​မှာ အမြဲရှိ​နေဖူးပါတယ်​ ... တကယ်​လို့ မယ်​မယ်​လက်​ခံတယ်​ဆိုရင်​ ကျင်းရီ ကို လုပ်​ခိုင်းလိုက်​ပါလား .... အဲဒါဆိုရင်​ မင်းကြီး အ​ကြောင်းကို သူမလည်း ပိုသိလာနိုင်​ပြီး မင်းကြီးရဲ့ ​ယောက်ျားချစ်​သူက​နေ စိတ်​အာရုံကို ဖယ်​ထုတ်​​ပေးနိုင်​မယ်​လို့ ထင်​ပါတယ်​"
ယောက်ျား​လေးချစ်​သူဆို​သော​ ​နေရာတွင် အသံကိုမြှင့်​၍ ​ပြောလိုက်​​လေသည်​။ ထို​ကောင်​​လေးအ​ကြောင်းကို မယ်​​တော်​ကြီးကြားလိုက်​သည်​နှင့်​ မျက်​​မှောင်​ကြုတ်​ကာ ချက်​ချင်းလက်​ခံလိုက်​​လေသည်​။
ရှန်း အခန်းတွင်​ သူမက ​ဝေယျာဝစ္စလုပ်​​ပေးရမည်​ဟုဆိုသဖြင့်​ ကျင်းရီ အလွန်​ပင်​ ​စိတ်​တို​နေ​လေသည်​။ သူမကို မ​ထီမဲ့မြင်​ပြုသည်​ဟု ခံစားရပြီး ငြင်းဆိုရန်​ လုပ်​​သော်​လည်း ဘုရင့်​ကိုကူညီသူသည်​ ဧကရာဇ်​အ​ဆောင်​တွင်​ ​နေထိုင်​ရမည်​ဟုဆိုကာ လက်​ခံရန်​ အတင်းတိုက်​တွန်း​တော့မှသာ သူမလက်​ခံလိုက်​​လေသည်​။
ကျင်းရီ သည်​ သူမ၏အ​ဆောင်​ကို ရှန်း အ​ဆောင်​ဝင်းတွင်းသို့ ​ပြောင်း​ရွေ့ခဲ့ပြီး​နောက်​ သူမအ​စေခံ ချုံး နှင့်​အတူ အ​ဆောင်​ဝင်းကိုကြည့်​ရန်​ ထွက်​လာခဲ့သည်​။