Chapter - 39 (Zawgyi & Unicode)
29.2K 2.8K 89
●●●Zawgyi●●●
မိန်းက​လေးတို့ နန်း​တော်​ထဲ​ရောက်​ပြီး နှစ်​ပတ်​ကြာသွား​သော်​လည်း ဧကရာဇ်​မှာ သူတို့ထံ သွားရန်​မ​ပြောနှင့်​၊ ရှိ​နေသည်​ဟုပင်​ မထင်​​ချေ။
စောင့်​​နေသည်​မှာ ငြီး​ငွေ့လာသဖြင့်​ ကျင်းရီ သည်​ သူမအ​စေခံဖြစ်​သူ ချုံး ကို ​ကျောက်​စိမ်းလည်​ဆွဲကို ယူ​ဆောင်​​စေပြီး ဘုရင့်​မယ်​​တော်​ထံ သွား​ရောက်​​လေသည်​။
မယ်​​တော်​ကြီးသည်​ သူမထံသို့ ပစ္စည်းတစ်​ခုကိုင်​ရင်း လာ​နေ​သော ကျင်းရီ ကို​တွေ့သည့်​အခါ ပြုံးလိုက်​​လေသည်​။
"ကျင်းရီ ... ​နေ​ကောင်းရဲ့လား"
"ကျွန်​​တော်​မျိုးမ ​နေ​ကောင်းပါတယ်​ မယ်​မယ်​ဘုရား .... မယ်​မယ့်​ကို လက်​​ဆောင်​​ပေးဖို့အတွက်​ ​မေ့သွားခဲ့လို့ အခုလာ​ပေးတာပါ"
ကျင်းရီ အပြုံးနှင့်​ပြန်​​ဖြေကာ သူမလက်​ထဲမှ ​သေသပ်​စွာ ထုပ်​ထား​သော လည်​ဆွဲဘူး​လေးကို ​ပေးလိုက်​​လေသည်​။ ထိုလက်​​ဆောင်​ထုပ်​​လေးကို မယ်​​တော်​ကြီး ဝမ်းသာစွာ ဖြည်​လိုက်​​လေသည်​။ လည်​ဆွဲ၏ အလွန်​လှပ​သော ပုံစံ​ကြောင့်​ မယ်​​တော်​ကြီး ပို၍ပြုံးလိုက်​ပြီး ....
"သမီး ... မင်းကြီးနဲ့​ရော အ​ခြေအ​နေဘယ်​လို​လဲ"
"မယ်​မယ်​ဘုရား ... စိတ်​ပျက်​​စေမိလို့ ​တောင်းပန်​ပါတယ်​ ... ကျွန်​​တော်​မျိုးမ နန်း​တော်​ကို​ရောက်​ပြီးကတည်းက အခုချိန်​ထိ မင်းကြီး တစ်​ခါမှမလာဖူး​သေးပါ .... ဟင့်​ .. မင်းကြီးက ကျွန်​​တော်​မျိုးမကို စိတ်​မဝင်​စားဘူးထင်​ပါတယ်​"
ဖျော့​တော့​တော့အသံနှင့်​ တုံ့ပြန်​ပြီး ​ခေါင်းကိုငုံ့ထားကာ မျက်​ဝန်းတို့မှ မျက်​ရည်​များ ကျဆင်းလာ​လေသည်​။
သနားစရာ​ကောင်း​သော ကျင်းရီ ​ကြောင့်​ မယ်​​တော်​သည်​ လည်​ဆွဲကို စား​ပွဲ​ပေါ်တွင်​ ပြန်​တင်​လိုက်​ပြီး ...
"သမီးရယ်​ .... မင်းကြီးက အလုပ်​များ​နေလို့ မလာနိုင်​တာ​နေမှာပါ"