Chapter - 38 (Zawgyi & Unicode)
Start from the beginning
"အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးတို့ မင်းကြီးကို ပင့်​​ခေါ်ရတာက လက်​ရှိနန်းတွင်း​ရေးအ​ကြောင်းကို ​ဆွေး​နွေးချင်​လို့ပါ ... ကျွန်​​တော်​မျိုးတို့ အချင်းချင်းလည်း ​ဆွေး​နွေးပြီးကြပြီး တိုင်းပြည်​အတွက်​လည်း မိခင်​လိုအပ်​တာ​ကြောင့်​ ကိုယ်​လုပ်​​တော်​​တွေကို အရှင်​မင်းကြီး အချိန်​​ပေးသင့်​​ကြောင်း ​လျှောက်​ထားခြင်းဖြစ်​ပါတယ်​"
အမတ်​​ပြောသည့်​စကားကို ရှန်း ပြုံးကာ ​ရှူရှိုက်​ထားသည့်​​လေကို တိတ်​တဆိတ်​​ မှုတ်​ထုတ်​လိုက်​​လေသည်​။
ညီလာခံလုပ်​ရခြင်း ရည်​ရွယ်​ချက်​ကို အမတ်​တို့​ပြောဆိုကြပြီး​နောက်​ ​ဗဟိုပင်​မဆိုင်​ရာအမတ်​က မတ်​တပ်​ရပ်​လိုက်​ပြီး အရိုအ​သေ​ပေးရင်း ....
"အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးနဲ့ အခြားအမတ်​​တွေလည်း ​ထောက်​ခံပါတယ်​ ... ဒါ့အပြင်​ ကျွန်​​တော်​မျိုးရဲ့ ရိုင်းပျမှုကို ငဲ့ညှာ​ပေးပါ ... အရှင်​မင်းကြီးအတွက်​ နန်းဆက်​အ​မွေခံရန်​ မျိုးဆက်​ရရှိဖို့က  အ​ရေးကြီးတယ်​လို့ ထင်​မိပါတယ်​"
ဗဟိုပင်​မဆိုင်​ရာအမတ်​​ပြောပြီးသည့်​​နောက်​ အမတ်​အားလုံးမတ်​တပ်​ရပ်​လိုက်​ပြီး ထိုအမတ်​စကားကို စဉ်းစား​ပေးရန်​ ​အသနားခံကြ​လေသည်​။
ရှန်း ပြုံးလိုက်​ရင်း အားလုံးကိုကြည့်​ကာ လျစ်​လျူရှုရန်​ပြင်​လိုက်​​သော်​လည်း မယ်​​တော်​ကြီးက လှည့်​ကြည့်​လိုက်​ပြီး ....
"အရှင်​မင်းကြီး ... မယ်​မယ်​လည်း ​ထောက်​ခံပါတယ်​ .. တိုင်းပြည်​က မိခင်​လိုအပ်​​နေတယ်​ ... အဲဒါ​ကြောင့်​ ကိုယ်​လုပ်​​တော်​​တွေထဲက မင်းကြီး နှစ်​သက်​တဲ့သူကို ​ရွေး​တော်​မူပါ"
အမတ်​တို့၏ရည်​ရွယ်​ချက်​နှင့်​ သူ၏မယ်​​တော်​ကို ချဉ်းကပ်​ကာ အကူအညီ​တောင်းထားသည်​ကို ရိပ်​မိသွားသဖြင့်​ ရှန်း အသာပြုံးလိုက်​ပြီး ...
"​ကောင်းပါပြီ ... ဒီ​လောက်​ပဲဆိုရင်​ သွား​တော့မယ်​"
(T/N : သွား​တော့မယ်​ဆိုတာချည်း​ပဲ အရှင်​ရယ်​ XD)