Chapter - 38 (Zawgyi & Unicode)
Start from the beginning
"မယ်​မယ်​ဘုရားရဲ့ ချီး​မြှောက်​မှုကို ​ကျေးဇူးတင်​လှပါတယ်​"
"ဟင်း.... ကျင်းရီ .. တကယ်​လို့ ထိမ်းမြားလက်​ထပ်​ပြီးရင်​ သမီးရဲ့ ပထမဦးစား​ပေးက ဘယ်​သူဖြစ်​မလဲ"
ကျင်းရီ ချိုသာစွာ ပြုံးလိုက်​ပြီး ...
"ကျွန်​​တော်​မျိုးမရဲ့ ခင်​ပွန်းဖြစ်​ပါလိမ့်​မယ်​"
မေးခွန်းအချို့​မေးပြီး​နောက်​ ကျင်းရီ ကို မယ်​​တော်​ ပြုံးကြည့်​​နေရင်း ....
"ကျင်းရီ ... ဧကရာဇ်​ကို လက်​ထပ်​ရမယ်​ဆိုရင်​​ရော ..."
ကျင်းရီ မျက်​နှာရဲသွားပြီး ....
"တ..တကယ်​လို့ မင်းကြီးကသာ သူ့ရဲ့ဇနီးမယားအဖြစ်​ လက်​ခံခဲ့ရင်​ အိပ်​မက်​လို့သာ ထင်​မိပါလိမ့်မယ်​ ... ဒါ​ပေမယ့်​ မင်းကြီးက ကျွန်​​တော်​မျိုးမလိုလူကို လက်​ခံမှာမဟုတ်​​လောက်​ပါဘူး"
စကား​ပြောဆိုကြပြီး​နောက်​ အ​စေခံတစ်​​ယောက်​က ကျင်းရီ ကို ဧည့်​​တွေ့ခန်းသို့ ​ခေါ်​ဆောင်​သွားစဉ်​ မယ်​​တော်​ကြီးထံ အမတ်​ ယု ချဉ်းကပ်​၍ ....
"မယ်​မယ်​ဘုရား ... ကျင်းရီ ကို ဘယ်​လိုမြင်​ပါသလဲ"
မယ်​တော်​ကြီး ​တောက်​ပ​နေသည့်​အပြုံးနှင့်​ ....
"သူမက ကြင်​နာတတ်​တဲ့မိန်းက​လေးပဲ ... လှပြီး​တော့ ငါ့ကိုလည်း ရို​သေတယ်​ ... သူမကို ကိုယ်​​လုပ်​​တော်​အဖြစ်​ထား​ပေးဖို့ ရှန်း ကို ​ပြောပြီးရင်​ သူမရဲ့အ​ခြေအ​နေအ​ပေါ်မူတည်​ပြီး​တော့ မိဘုရား​မြှောက်​​ချင်​ရင်​ ငါကိုယ်​တိုင်​ ဆုံးဖြတ်​မယ်​"
ကျင်းရီ ကို မယ်​​တော်​ကြီး နှစ်​သက်​သည်​ဟု ဆိုသဖြင့်​ အမတ်​ ယု လည်း ​ပျော်​ရွှင်​စွာနှင့်​ ....
"မယ်​မယ်​ဘုရား ... ဒါဆိုရင်​ ညီလာခံအတွက်​ မင်းကြီးကို ဖိတ်​လိုက်​ရင်​ အဆင်​​ပြေပါသလား"
မယ်​​တော်​ကြီးလည်း ​ခေါင်းညိတ်​လိုက်​သဖြင့်​ အမတ်​ ယု ပြုံးလျက်​ ထွက်​လာခဲ့​လေသည်​။
ညီလာခံခန်းမထဲတွင်​ ....
နန်းတွင်းမှူးမတ်​များနှင့်​ ဘုရင့်​မယ်​​တော်​သည်​လည်း ခန်းမထဲတွင်​ ဧကရာဇ်​အလာကို ​စောင့်​​နေကြ​လေသည်​။ ရှန်း ​ရောက်​လာပြီး ပုလ္လင်​​ပေါ်တွင်​ ထိုင်​လိုက်​သည့်​အခါ အမတ်​သုံး​ယောက်​ ထလာပြီး ယဉ်​​ကျေးစွာ ​လျှောက်​တင်​​လေသည်​။