Chapter - 38 (Zawgyi & Unicode)
30.4K 2.8K 85
●●●Zawgyi●●●
ဘုရင့်​မယ်​​တော်​နှင့်​ အမတ်​တို့​တွေ့ဆုံပြီး သုံးရက်​​မြောက်​​နေ့တွင်​ အမတ်​ ယု သည်​ ကျင်းရီ ကို ဘုရင့်​မယ်​​တော်​နှင့်​ ​တွေ့ဆုံ​စေရန်​အတွက်​ နန်း​တော်​ကို ​ခေါ်လာခဲ့သည်​။
ဘုရင့်မယ်ေ​​တ်ာသည် ​​သူမကိုမြင်​လျှင်​မြင်​ချင်းပင်​ ရိုးရှင်းလှ​သည့်​ ဝတ်​ဆင်​ပုံကို ချက်​ချင်းသတိထားမိလိုက်​သည်​။ အခြားကိုယ်​လုပ်​​တော်​များနှင့်​မတူ ကျင်းရီ သည်​ ရင်​​ဖော်​​သောဝတ်​စုံများနှင့်​ တဏှာရမ္မက်​စိတ်​ကိုဆွဲ​ဆောင်​သည့်​ ဝတ်​စံတို့ကို မဝတ်ဆင်​ထား​ပေ။ ​ကြော့ရှင်းပြီးရိုးရှင်း​နေသည့်​ဝတ်​စုံ​ကြောင့်​ သူမကို ပို၍ သိမ်​​မွေ့​စေ​လေသည်​။
"မယ်​မယ်​ဘုရား ... ဒါက စစ်​သူကြီး ပင်း ရဲ့ တူမ၊ ရွှန်​ ရဲ့ တစ်​ဦးတည်း​သောသမီး ကျင်းရီ ပါ"
အမတ်​ ယု မိတ်​ဆက်​​ပေးပြီး​နောက်​ မယ်​​တော်​ကို ကျင်းရီ ဖြူစင်​​သောအပြုံးနှင့်​ အရိုအ​သေ​ပေးလိုက်​ပြီး ...
"ဘုရင့်​မယ်​​တော်​ မယ်​မယ်​ဘုရားကို ဖူး​တွေ့ရတာ ကျွန်​​တော်​မျိုးမ ဝမ်း​မြောက်​မိပါတယ်​"
ဦးညွှတ်​မှု​ကြောင့်​ မယ်​​တော်​လည်း ​ကျေနပ်​သွားပြီး ပြုံးလိုက်​ကာ ....
"ကျင်းရီ ... သမီးရဲ့အ​ကြောင်း​လေး ​ပြောပါဦး"
"မယ်​မယ်​ဘုရား ... ကျွန်​​တော်​မျိုးမက အလယ်​အလတ်​တန်း မိသားစုက​နေ ကြီးပြင်းလာခဲ့တဲ့ တစ်​ဦးတည်း​သော သမီးပါ ... ကျွန်​​တော်​မျိုးမရဲ့ မိဘ​တွေက မိန်းမတစ်​​ယောက်​ဟာ သူမရဲ့ခင်​ပွန်းဘက်​က အမြဲရပ်​တည်​​ပေးပြီး ခင်​ပွန်းရဲ့မိသားစုကိုလည်း ချစ်​ခင်​ရမယ်​လို့ ယုံကြည်​ထားကြသလို အဲဒီတန်​ဖိုးရှိစကားကိုလည်း ကျွန်​​တော်​မျိုးမကို အမြဲမှတ်​သားထား​စေပါတယ်​"
မယ်​​တော်​လည်း ပြုံးပြလိုက်​ကာ ....
"ကျင်းရီ က​တော့ တကယ်​ကို ရိုးသားတဲ့မိန်းက​လေးပဲ .... သမီးရဲ့မိဘ​တွေက လုပ်​ငန်းမှာ အရမ်း​အောင်​မြင်​​နေတယ်​လို့ကြားတယ်​"