"ဒါက ဘယ်​လဲ?"

"ကား..ကားထဲ​လေ"

လက်​ရှိအ​ခြေအ​နေအရဆို အရင်​က Jeon Jung Kook နှင့်​ Kim Tae Hyung ပါလို့ မည်​သူမှ ထင်​မည်​မဟုတ်​။ ဂိုဏ်းစတားကြီးက အ​ကြွေးရှင်​​လေးကို ဖမ်းထားသည့်​ ပုံမျိုးနှင့်​။ ကျွန်​​တော့်​မှာ စကားသာ ​ပြော​နေရ။ ​ကြောက်​က​ကြောက်​ရ​သေး။
ခုတ​လော သူက လူကိုဆက်​ဆံရင်​ ​ဘောက်​ဆက်​ဆက်​​နေ မ​ကြောက်​ဘဲ​နေမလား။

"ဘာလုပ်​ရမလဲ မသိဘူးလာ?"

"ဟင့်​အင်း မသိဘူး​လေ!"

ခေါင်းကို ဘယ်​ညာရမ်းခါကာ အ​နောက်​သို့ပို့ထား​သော လက်​တို့က အချင်းချင်းတွယ်​ယှက်​လျက်​ရှိ​နေသည်​။

"အပြစ်​​ပေးမလို့​လေ"

"ဟာ! ငါ ဘာအမှားမှ မလုပ်​ထားတာ"

"ဟုတ်​လို့လား?"

"အင်း အင်း တကယ်​ တကယ်​ ယုံ!! "

ခပ်​တင်းတင်း​စေ့ထား​မိ​သော နှုတ်​ခမ်းဖျားအား သွားဖြင့်​တိတိကိုက်​ခဲထားမိသည်​။
တွန့်​ချိုးကာ ပြုံး​နေ​သော သူ့မျက်​နှာကို ​မော့ကြည့်​မိချိန်​မှာ​တော့ အသည်းကတယားယားရယ်​။ အသားခပ်​လတ်​လတ်​နဲ့ အရပ်​အ​မောင်းက ကျွန်​​တော်​နှင့်​တန်းတူဆို​ပေမယ့်​လည်း သူ့ခန္ဓာကိုယ်​ကြီးက အ​တော်​ကိုထွားလွန်းသည်​ မို့လား။

"ယုံ​နော်​!"

ခေါင်း​လေးကို ပုဝင်​ကာ မသိမသာ ​ခေါင်း​လေးညိတ်​ပြပြီး သူ့ယုံကြည့်​မှုကို ​တောင်းခံ​နေမိသည်​။
နဂိုပြုံး​နေ​သော အပြုံးတို့ထက်​ လက်​သည့်​ အပြုံး​လေးတစ်​ခုက သူ့နှုတ်​ခမ်းဖျားဝယ်​ ချိတ်​တွယ်​လျက်​ရှိသည်​။ ပြူး​ကြောင်​​ကြောင်​နှင့်​ ​ခေါင်းကို ​ဘေးဖက်​သို့ အနည်းငယ်​​စောင်းကာ ကြည့်​​နေမိ​သော ကျွန်​​တော့်​ရဲ့ ခါးကို ဆတ်​ဆတ်​​လေး သူလှမ်းကာ တင်းကြပ်​​စေသည်​။
သူ့ရင်​အုပ်​ကြီးကလည်း အ​ရှေ့သို့တစ်​ထစ်​ တိုးလာ​တော့ အသက်​ရှုပင်​ ရပ်​တန့်​သွားသည်​လားမသိ။

သူ့လက်​ထဲမှာ ကိုင်​ထား​သော အိတ်​ကို ကားအမိုး​ပေါ်တင်​လိုက်​ရင်း ထိုလက်​က ကျွန်​​တော့်​ရဲ့ ပုခုံးတန်းအ​ပေါ်ဘက်​မှန်​ကို လက်​​ထောက်​ထားလျက်​ရှိသည်​။

Comes To You Where stories live. Discover now