Chapter - 36 (Zawgyi & Unicode)
En başından başla
မယ်​​တော်​သည်​ သိလိုစိတ်​နှင့်​ကြည့်​လိုက်​ကာ ...
"ဟင့်​အင်း ... စစ်​သူကြီး ပင်း မှာ တူမရှိတယ်​လို့လည်း မကြားမိပါလား"
"မယ်​မယ်​ဘုရား ... စစ်​သူကြီး ပင်း ရဲ့ တူမက ကျင်းရီ လို့​ခေါ်ပါတယ်​ .. သူမက လှပရုံသာမက ဂုဏ်​မြင့်​တဲ့မိသားစုကလည်း ဖြစ်​ပါတယ်​ ... တကယ်​လို့ မယ်​မယ်​ နှစ်​သက်​တယ်​ဆိုရင်​ သူမကို နန်း​တော်​ထဲ ​ခေါ်လာခဲ့ပါ့မယ်​"
စစ်​သူကြီး ပင်း တွင်​ တူမရှိသည်​ဟု ကြားရသဖြင့်​ ဘုရင့်​မယ်​​တော်​ အံ့ဩသွား​လေသည်​။ စစ်​သူကြီး ပင်း ၏ ညီ ရွှန်​ နှင့်​ ဇနီးဖြစ်​သူတို့မှာ က​လေးမဖွားနိုင်​ဟုသာ သူမကြားသိထားသည်​။ ထိုအခါ သူမ​ခေါင်း​မော့ကာ မျက်​လုံး​မှေးလိုက်​ပြီး ....
"ငါကြားထားတာက ရွှန်​ နဲ့ သူ့ဇနီးက က​လေးမရနိုင်​ဘူးဆို ..."
အမတ်​ ယု ထပ်​၍ဦးညွှတ်​လိုက်​ကာ ....
"မယ်​မယ်​ဘုရား .... ရွှန်​ မှာ ၁၈နှစ်​အရွယ်​ သမီးတစ်​​ယောက်​ရှိထားပြီး ဘုရင်​​ဟောင်းထံ မဆက်​သချင်​တာ​ကြောင့်​ အခြားသူ​တွေ အသိ​မေ​ပေးထားခြင်းဖြစ်​ပါတယ်​ .... သူတို့ကို မယ်​မယ်​ ခွင့်​လွှတ်​​ပေးဖို့ ​မျှော်​လင့်​ပါတယ်​ ... သူတို့က တကယ်​ကိုကြင်​နာတတ်​ပြီး သူတို့ရဲ့သမီးကို ကာကွယ်​​ပေးကြရုံ​လေးပါ"
အမတ်​ ယု​ ​ပြောသည်​ကို သူမ​တွေး​တော​နေပြီး ငြင်းဆန်​မရ​တော့သဖြင့်​ လက်​ခံလိုက်​​လေသည်​။ သူမတွင်​ သမီးရှိခဲ့လျှင်​လည်း သက်​ကြီးရွယ်​အိုတစ်​​ယောက်​နှင့်​ လက်​ထပ်​​စေချင်​မည်​မဟုတ်​ပါ။ ထို့​ကြောင့်​ ဘုရင့်​မယ်​​တော်​သည်​ အမတ်​ ယု ကိုကြည့်​လိုက်​ပြီး ....
"အမတ်​ ယု ... ​နောက်​သုံးရက်​​နေရင်​ သူမကို ​ခေါ်လာခဲ့ပါ"
အမတ်​ ယု လည်း ပြုံးလိုက်​ကာ ​ခေါင်းညိတ်​ပြ​လေသည်​။
T/N :....
နောက်​ထပ်​တစ်​ပိုင်းလည်း updateလိုက်​ပြီဆို​တော့ နားပြီ​ဗျာ ....
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●