Chapter - 36 (Zawgyi & Unicode)
Start from the beginning
အမတ်​ကို မယ်​​တော်​က မျက်​လုံး​မှေးကြည့်​လိုက်ကာ အမြန်​ပင်​ ​ခေါင်းညိတ်​ပြ​လေသည်​။
"မယ်​မယ်​ဘုရား ... အခြားအမတ်​​တွေနဲ့ ကျွန်​​တော်​မျိုးက အဲဒီ​ကောလာဟလ​တွေကို ရှာ​ဖွေရင်းနဲ့ အမှန်​ဆိုတာ သိခဲ့ရတယ်​ ... ​နောက်​ပြီး တိုင်းပြည်​ကလည်း မျိုးဆက်​​မွေးဖွား​ပေးနိုင်​မယ့်​ မိခင်​လည်း လိုအပ်​​နေတယ်​လို့ ခံစားမိပါတယ်​ ... အဲဒါ​ကြောင့်​ မင်းကြီးကို မိဘုရား​မြှောက်​​မယ့်​ကိစ္စ မယ်​မယ်​​ဖျောင်းဖျ​ပေးဖို့ လာ​ရောင်​​တောင်းဆိုခြင်းပါ"
အခြားအမတ်​တို့လည်း သ​ဘောတူလက်​ခံကာ ​ခေါင်းညိတ်​​နေကြ​လေသည်​။
ဧကရာဇ်​တွင်​ ​ယောက်ျား​လေးကြင်​သူရှိ​နေသည်​ဆို​သော သတင်းကိုသိသိချင်းတွင်​ သူမ နှလုံးရပ်​မတတ်​ အံ့ဩခဲ့သည်​။ ထိုလူကို ဧကရာဇ်​အနားမှ ဖယ်​ရှားချင်​​သော်​လည်း အစီအစဉ်​တို့ကို သူမစဉ်းစားမရခဲ့​ပေ။
ဗဟိုပင်​မဆိုင်​ရာအမတ်​စကားကိုကြားပြီး​နောက်​ သက်​ပြင်းရှိုက်​လိုက်​ကာ .....
"အမတ်​တို့မှာ ဘယ်​လိုအကြံ​တွေများ ရှိ​နေလဲ"
ဘုရင့်​မယ်​​တော်​ လက်​ခံလိုက်​သဖြင့်​ အမတ်​တို့ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ပြုံးကြည့်​ကြပြီး ....
"မယ်​မယ်​ဘုရား ...ကျွန်​​တော်​မျိုးတို့ ​မျှော်​လင့်​တာက မင်းကြီးကို ကိုယ်​လုပ်​​တော်​တွေထဲက တစ်​​ယောက်​ကို​ရွေးပြီး မိဘုရားအဖြစ်​ ​မြှောက်​တင်​ဖို့ မယ်​မယ့်​ကို ​ဖျောင်းဖျ​စေချင်​တာပါ"
ဗဟိုပင်​မဆိုင်​ရာအမတ်​​ပြောသည်​ကို သူမစဉ်းစားလိုက်​ပြီး ....
"ငါ့သားက အ​ကောင်းဆုံးမိန်းက​လေးကိုပဲ ထိမ်းမြားမယ်​ဆိုတာ ငါသိပြီးပြီ ... တကယ်​လို့ ငါ့ရည်​မှန်းချက်​နဲ့ကိုက်​ညီတဲ့ မိန်းက​လေးကို ရှာ​ပေးနိုင်​ရင်​ သူမကို မိဘုရား​မြှောက်​ဖို့ မင်းကြီးကို ငါ​ပြော​ပေးမယ်​"
မယ်​​တော်​စကား​ကြောင့်​ အမတ်​ ယု က ....
"မယ်​မယ်​ဘုရား ... စစ်​သူကြီး ပင်း ရဲ့ တူမအ​ကြောင်းကို ကြားဖူးပါသလား"