Chapter - 36 (Zawgyi & Unicode)
32.8K 2.9K 54
●●●Zawgyi●●●
မိန်​​ကွေ့ နှင့်​ ကျိအာ တို့၏ ဖြစ်​ရပ်​သည်​ နှစ်​ပတ်​​ကျော်​ကြာခဲ့​သော်​လည်း နန်း​တော်​တစ်​ခုလုံးအနှံ့ ပျံ့​နေဆဲဖြစ်​သည်​။ အစတွင်​ မိန်​​ကွေ့ နာကျင်​​စေသူသည်​ မည်​သူဖြစ်​သည်​ကို နန်းတွင်းထဲမှလူအားလုံးသိချင်​​နေကြ​သော်​လည်း မ​ဖော်​ထုတ်​နိုင်​ကြ​ပေ။ ထိုသူမှာ အိမ်​​ရှေ့စံချီ​ဆောင်​ခဲ့​သော ထူးဆန်းသည့်​ မိန်းက​လေးတစ်​​ယောက်​ဖြစ်​လိမ့်​မည်​ဟု ထင်​ကြ​သော်​လည်း မည်​သူမှ အမှန်​ကို မရှာ​ဖွေနိုင်​ကြ​ပေ။ သို့​သော်​လည်း ရှန်း အ​ဆောင်​မှ နှုတ်​ဖွာ​သော အ​စေခံတို့​ကြောင့်​ ထူးဆန်းသည်​ဆို​သော သတင်းသည်​လည်း ကြာရှည်​မခံလိုက်​ပါ။
ထိုအ​စေခံတို့သည်​လည်း လူအများသိရခက်​​သောသူ၏ အ​ခြေအ​နေအမှန်​ကို သူတို့ကသာ သိထားသည်​ဟု မာန်​ဝင့်​​နေကြ​လေသည်​။ သူတို့သည်​သာ ပထမဆုံးဟု ထင်​​နေကြပြီး ​နေရာတိုင်းကို ​လျှောက်​​ဖြန့်​​နေ​လေသည်​။ ထို့​ကြောင့်​ ထိုထူးဆန်း​သောသူကိုလည်း နန်း​တော်​တွင်းမှ လူအားလုံး သိကုန်​ကြ​လေသည်​။
ယောက်ျား​လေးတစ်​​ယောက်​ကို ကြင်​သူအဖြစ်​​ပေါင်းသင်း​နေသည့်​ ဧကရာဇ်​အ​ကြောင်းသည်​ နန်း​တော်​တစ်​ခုလုံးသို့ လျင်​မြန်​စွာ ပျံ့ နှံ့ သွား​လေသည်​။ အမတ်​တို့လည်း ကြားသိကုန်​ပြီး အံ့အားသင့်​ကုန်​ကြ​လေသည်​။ အချို့​သော သူတို့မှာ မယုံကြည်​ကြ​သော်​လည်း အနည်းငယ်​စူးစမ်းပြီးသည့်​​နောက်​ အမှန်​ဖြစ်​သည်​ကို သိကြသဖြင့်​ အမတ်​တို့ ​တွေ့ဆုံကြရန်​ ဆုံးဖြတ်​လိုက်​​လေသည်​။
"မင်းကြီးမှာ ​ယောက်ျား​လေးကြင်​သူရှိတယ်​ဆိုတာ အားလုံးကြားပြီးကြပြီထင်​တယ်​"
"ဒီလိုဖြစ်​လိမ့်​မယ်​လို့ လုံးဝကိုမယုံနိုင်​ဘူး"
"အတူတူပါပဲ ... ဧကရာဇ်​တစ်​ပါးအ​နေနဲ့ဆိုရင်​ တိုင်းပြည်​ကို ချစ်​မြတ်​နိုးပြီး နန်းဆက်​​မွေးဖွား​ပေးနိုင်​မယ့်​ မိန်းက​လေးကသာ ပိုသင့်​​တော်​တာကို ... ဒါဟာ တကယ်​လက်​မခံနိုင်​တဲ့ အရှက်​ရစရာပဲ ... မင်းကြီးက ဘာလို့ဒီလိုလုပ်​ရတာလဲ"