Chapter - 35 (Zawgyi & Unicode)
34.2K 3.1K 90
●●●Zawgyi●●●
ရှန်း ဧကရာဇ်​ဝတ်​စုံကို ဆင်​မြန်း​နေသည်​ကို အိုက်​ရှင်း ကြည့်​​နေရင်း ....
"ရှန်း ... ဘယ်​သွားမလို့လဲ"
ရှန်း ပြုံးလိုက်​ကာ ....
"ဒီ​နေ့ စီရင်​စရာကိစ္စရှိလို့ ... ယုန်​​လေးရဲ့"
အိုက်​ရှင်း စူးစမ်းချင်​စိတ်တို့အပြည့်​နှင့်​ ကြည့်​လိုက်​ပြီး ...
"ဘာလဲဟင်​ ... ကျွန်​​တော်​​ရော လိုက်​လို့မရဘူးလား"
"နန်းတွင်းကိစ္စပါပဲ ယုန်​​လေးရယ်​ ... ပျင်းစရာ​ကောင်းတယ်​ ... ဒီမှာပဲ ရင်​ နဲ့အတူ ​နေ​လေ​နော်​"
အိုက်​ရှင်း နှုတ်​ခမ်းစူသွားသဖြင့်​ ရှန်း ပြုံးပြီး ဖက်​ထားလိုက်​​သည်​။
နန်း​တော်​ညီလာခံခန်းမထဲသို့ အမတ်​တို့အားလုံး ဖိတ်​​ခေါ်ခံရသဖြင့်​ စု​ဝေး​နေကြစဉ်​ ရဲမက်​နှစ်​ဦးမှ မိန်​​ကွေ့ နှင့်​ ကျိအာ တို့ကို ကြိုးတုပ်​ထားလျက်​ ခန်းမထဲသို့ ​ခေါ်လာခဲ့​လေသည်​။
မိန်​​ကွေ့ နှင့်​ ကျိအာ တို့ကို အပြစ်​သားကဲ့သို့ ချုပ်​​နှောင်​ထားသဖြင့်​ အမတ်​တို့အားလုံးလည်း အံ့အားသင့်​ကုန်​​လေသည်​။ တရား​ရေးရာအမတ်​မှ ​ရှေ့တက်​လာပြီး ​ကြေညာ​လေသည်​။
"မိန်းက​လေး ဟွာ နဲ့ သူမရဲ့အ​စေခံ ကျိအာ တို့ဟာ ဧကရာဇ်​မင်းရဲ့ အ​ဆောင်​ဝင်းကို ခိုးဝင်​ပြီး တစ်​စုံတစ်​​ယောက်​ကို နာကျင်​​စေရန်​ ရည်​ရွယ်​ပြုမူသည့်​အတွက်​ ​သေဒဏ်​ချမှတ်​ခံရမည်​"
ထို​ကြေညာသံ​ကြောင့်​ အမတ်​တို့အကုန်​လုံး မျက်​လုံးပြူးကုန်​ပြီး ပါးစပ်​ပွင့်​ဟသည်​အထိ အံ့ဩကုန်​​လေသည်​။ သူတို့သည်​ မိန်​​ကွေ့ ကို ဧကရာဇ်​ အနှစ်​သက်​ဆုံးဖြစ်​လိမ့်​မည်​ဟု ထင်​ခဲ့ကြသည်​။
ထို့အတူ မိန်​​ကွေ့ လည်း အံ့ဩ​နေ​လေသည်​။ သူမဘဝတွင်​ ဧကရာဇ်​က ဒီ​လိုအ​သေးအဖွဲ​လေး​ကြောင့်​ သူမကို ​သေဒဏ်​​ပေးလိမ့်​မည်​ဟု တစ်​ခါမှပင်​ မ​တွေးခဲ့ဖူး​ပေ။ မ​သေချင်​​သေးသဖြင့်​ ဒူး​ထောက်​ချလိုက်​ကာ ငို​ကြွေး​လေ​တော့သည်​။