*အချစ်*(5)

1.7K 88 2
                                    

တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးမှာ ကျတော်ကျုံ့ကျုံ့လေးထိုင်နေမိတယ် ကျတော့်မျက်နှာချင်းဆိုင်မှာတော့ CEO ဆိုတဲ့လူထိုင်နေတယ် ဘေးမှာက ဦးလေးတစ်ယောက် interview ဖြေဖို့သွားပါတယ် အခန်းထဲရောက်ပြီး နာမည်ပဲမိတ်ဆတ်ရသေးတယ် ကျတော့်လက်ကို ဆွဲကာ ဒီအခန်းထဲခေါ်လာတဲ့ လူ
အခုလည်း ကျတော့်ကို သေချာစိုက်ကျိနေပြန်ပြီ
ဟိုနေ့ကလည်းအဲ့လူပဲ ကျတော့်ကို မောင် မောင် ဆိုပြီးခေါ်တယ်
မဟုတ်မှလွဲရော ရူးနေတာလားမသိဘူး
ထိုစဉ် ဘေးက ဦးလေးရဲ့ချောင်းဟန့်သံကြောင့် ကျတော့်အတွေးတွေရပ်ကုန်တယ်

"အဟမ်း"

"ဦးနာမည်က ဦးထွန်းဇော်ပါ ဒီဘက်က ဦးရှားသက်ပိုင် ဒီကုမ္ပဏီရဲ့ CEO"

"တွေ့ရတာ ၀မ်းသာပါတယ် ကျတော့်နာမည် ရှင်းသန့်မောင်ပါ"

"ဦးလည်းတွေ့ရတာဝမ်းသာပါတယ်"

"မနက်ဖြန်ကစပြီး မနက်၉နာ၇ီအေ၇ာက် အလုပ်လာပါ "
အခန်းထဲရောက်ထဲက အခုမှစ စကားပြောတဲ့ လူ

"ဗျာ......ဒါ..ဒါဆို ကျတော် အလုပ်ရပြီလား"

"အေး "

"ကျေးဇူးပါခင်ဗျာ ဒါဆို ကျတော်ပြန်တော့မယ်"

"အေးအေး"
.
.
.
"ပိုင်ပိုင် "

"ကျတော် မောင့်ကိုသတိရတယ် "
တင်းထားဆဲ မျက်၇ည်တွေကို လွှတ်ကျပစ်လိုက်ကာ လက်နှစ်ဖက်အုပ်ပြီး ငိုနေတဲ့ ကောင်လေး

"ဦး နားလည်ပါတယ် သားရယ်"

"ဦးဇော် မောင်ကလေ ဟင့်"

"ငိုလိုက်သား ငိုလိုက် "

ကျတော့်ရဲ့ ဒုတိယမြောက် အဖေလို့ပြောလို့ ရတဲ့ ဦးဇော် ကျတော်ဘာဖြစ်ဖြစ် ကျတော့်ဘက်မှာ အမြဲရှိနေတယ် ကျတော်ရင်ဖွင့်သမျှကို အမြဲနားထောင်ပေး အားပေး အကြံညဏ်ပေးတဲ့ လူတစ်ယောက်
အခုလည်း ကျတော့်ခံစားချက်တွေကို ဦးဇော်ရှေ့မှာမို့ ရင်ဖွင့်နိုင်တာ

*****

"ဘယ်လိုလူပါလိမ့် ငါ့ကို မြင်လို့ ကိုကို့ကိုသတိရသွားလို့များလား "

"ငါကကော အဲ့ကောင်လေး ကိုမြင်ရင် ဘာလို့ စိတ်မကောင်းဖြစ်မိတာလဲ"

အချစ် Where stories live. Discover now