အပိုင်း[၂]

7.9K 986 54
                                    


Zawgyi...

"သားရှင်း....
ဂျွန်လေးကို ကျူရှင်အပ်ပေးမှာဆိုလည်း....
..အပ်ပေးလိုက်..
သားက နောက်နှစ်ဆို...အထက်တန်းတက်ရတော့မှာ
အရေးကြီးနေပြီ...စာကြည့်ချိန်မဖြုန်းနဲ့..."

"မင်း...မေမေ ပြောတာဟုတ်တယ်...
စာသင်တမ်းဆော့ရမယ့် အရွယ်မဟုတ်တော့ဘူး
သား....."

မနက်စာထမင်းဝိုင်းမှာ..ပါးပါးနဲ့မေမေက
ဂျွန့်ကို..စာသင်တာရပ်ဖို့ပြောလာသည်။
ဟင်းပွဲတွေလာချနေတဲ့...အစ်မတွေက ဒီစကားတွေကိုမီးဖိုခန်းထဲကဂျွန့်ဖွားဖွားဆီအရောက်
ပြန်သယ်ကြမှာသေချာသည်။

"စိတ်ချရတဲ့...ကျူရှင်မှာ အပ်ပေးလိုက်...
သားလည်းနောက်နှစ်ကျရင်..ကျောင်းပြောင်းတော့
မှာပဲ..."

"သား...ဝပြီ"

လက်ထဲက တူကို..အသာချပြီး...ထွက်လာခဲ့သည်။
ဒီပုံတိုင်းဆို...ဂျွန်လေးကိုဒီည စာခေါ်သင်ဖို့မလွယ်...
ဂျွန်လေးကိုဘေးနားမှာထားဖို့ဆိုတာက
စာသင်ဖို့ကလွဲရင် ကျန်တာကမရှိ

ဂျွန်က ၁၀နှစ်ပြည့်ကာစ..ကဲလို့အကောင်းဆုံးအရွယ်
ကိုရောက်နေတာခက်သည်။
ရီရှင်းကလည်း.. ပြေးလွှားမဆော့ချင်တော့...
ဂစ်တာခေါက်မယ်..စာအုပ်ဖတ်မယ်...စွန်လွှတ်မယ်...

အဲ့လိုအချိန်မျိုးလေးတွေဆို ခေါ်ထားချင်ပေမယ့်
အဲ့ကလေးက တစ်စက်လေးမှ အငြိမ်မနေချင်...
စွန်လွှတ်မယ်ဟေ့ ဆိုလည်း ပြေးလွှတ်ရမှ...
စာဖတ်ဆိုလည်း...အရုပ်ပုံတွေကြည့်ပြီး ဟီးဟီးဟားဟားရယ်လိုက်ရမှ...ကလေးလေးက
သဘောကျတာ။
ဂျွန်လေးမြန်မြန် ကြီးလာမှကောင်းမည်။
ဂစ်တာတီးလည်းသင်ပေးမယ်အချစ်ဝတ္ထုတွေလည်း
အတူတူဖတ်မယ်..။

ဒါပေမယ့်...
ဂျွန်လေးအရွယ်စရောက်ချိန်မှာ သူကဒီမှာရှိမှာ
မဟုတ်..
ကျောင်းမပြောင်းချင်ပေမယ့် ...ပါးပါးတို့စိတ်ကြိုက်
ပြောင်းကိုပြောင်းရမည်။
တစ်နှစ်လောက်ပါပဲ ...ဆိုးလ်မှာ..သူအသားကျတာနဲ့
ကလေးလေးကို..ခေါ်ထားမည်။
သူကသာ..တွေးရင်း...ရင်မောနေရတာ..
သူ့ကလေးလေးကတော့ ခုချိန်လောက်ဆို...
သူငယ်ချင်းတွေနဲ့ မီးပွင့်အောင်ကဲနေတော့မှာ.....

Signs Of Love [Completed]Where stories live. Discover now