Chapter - 33 (Zawgyi & Unicode)
31.1K 3K 163
●●●Zawgyi●●
ရှန်း အ​ဆောင်​​တော်​သို့ ​ရောက်​သွားသည့်​အခါ အ​စောင့်​နှစ်​​ယောက်​ကို ​တွေ့ကြပြန်​​လေသည်​။ မိန်​​ကွေ့ နှင့်​ ကျိအာ တို့ တံခါးနားကိုကပ်​လာသည့်​အခါ အ​စောင့်​တို့ ​သေချာကြည့်​ပြီး တားလိုက်​​လေသည်​။
"မိန်းက​လေး ဟွာ ... မင်းကြီးနဲ့ ဘာကိစ္စရှိလို့လဲဆိုတာ ​မေးခွင့်​ပြုပါ"
မိန်​​ကွေ့ မျက်​လုံးကို​မှေးပြီး မျက်​နှာ​မော့လိုက်​ကာ ....
"ငါ မင်းကြီးနဲ့ ​တွေ့စရာရှိလို့"
အ​စောင့်​တို့ တစ်​​ယောက်​ကို​တစ်​​ယောက်​ နားမလည်​ဟန်​ကြည့်​လိုက်​ပြီး ....
"မိန်း​က​လေး ဟွာ ... ​သေချာရဲ့လား .... ကျွန်​​တော်​တို့ကို မင်းကြီး ဘာမှမ​ပြောထားပါဘူး"
မိန်​​ကွေ့ လက်​ပိုက်​လိုက်​ပြီး ....
"ဟွန့်​ ... ငါက လိမ်​​ပြောမယ်​ထင်​​နေတာလား ... ဝင်​ခွင့်​​ပေး ... မင်းကြီး ငါ့ကို​စောင့်​​နေမှာ မ​ဖြစ်​​စေချင်​ဘူး"
အ​စောင့်​တို့ တုန်​လှုပ်​စွာဖြင့်​ အချင်းချင်း တီးတိုး​ပြောကြ​လေသည်​။
"ဝင်​ခွင့်​​ပေးလိုက်​ရမလား"
"မသိဘူး​လေ..."
"သူမ အမှန်​တိုင်း​ပြောတယ်​လို့ ထင်​လား"
"ဟုတ်​မှာ​ပေါ့ ... ဒီလိုလိမ်​ညာရ​လောက်​​အောင်​ ဘယ်​သူမှမရူးမိုက်​​လောက်​ဘူးထင်​တယ်​"
အ​စောင့်​တို့ ငြိမ်​​နေကြသဖြင့်​ မိန်​​ကွေ့ တွန်းတိုက်​ကာ ဝင်​သွား​လေသည်​။ အ​စောင့်​တို့ တုန်​လှုပ်​သွား​သော်​လည်း အသက်​ကိုရင်းရ​လောက်​​အောင်​ လိမ်ညာမည့်​သူ မရှိနိုင်​ဟု ​တွေးလိုက်​ကာ သူမကို မတားလိုက်​ကြ​ပေ။
အ​ဆောင်​​​တော်​ဝင်းထဲတွင်​ အ​စေခံတစ်​​ယောက်​ကို ​တွေ့၍ မိန်​​ကွေ့ ​ခေါ်လိုက်​ကာ ....
"မင်းကြီးရဲ့ အခန်းက ဘယ်​မှာလဲသိလား"
အ​စေခံမက သံသယမျက်​လုံးတို့နှင့်​ ....