ကြိုး-(10)

Start from the beginning
                                    

"တို့လည်း မင်းကိုချစ်​တယ်​ Seung Gi"

ခွင့်​လွှတ်​ပါ​တော့ Yulရယ်​။
........................................................................

ဒီ​ကောင်​မ​လေးဘယ်​​ရောက်​​နေပာလိမ့်​။
ငါးနာရီခွဲ​လောက်​ဆို သူပြန်​လာ​နေကြ။
ခု ၇နာရီထိုးပြီ။သူ့အိမ်​များပြန်​သွားတာလား။
ဖုန်းလဲစက်​ပိတ်​ထားတယ်​။
ဘာများဖြစ်​​နေပါလိမ့်​။

"Y..u...ri"

သူ ပြန်​လာပြီ။ဝမ်းသာအားရတံခါးဝသို့​ပြေး
သွား​ပေမယ့်​ မြင်​ကွင်းကသိပ်​မလှ။
သူ အရက်​​တွေ​သောက်​လာတယ်​။
သူ ဘယ်​တုန်းကအရက်​​သောက်​ဖူးလို့လဲ။

"Yoong နင်​ဘာလို့အရက်​​တွေ​သောက်​လာတာ
လဲ ဘာ​တွေစိတ်​ညစ်​​နေလို့လဲ"

Yoonaမှာ မတ်​တတ်​​တောင်​​ကောင်း​ကောင်း
မရပ်​နိုင်​​တော့​သော​ကြောင့်​ Yuriကပဲဝင်​ထိန်း
ပေးရသည်​။မျက်​လုံးများလဲစင်း​နေပြီး အသိ
စိတ်​လဲရှိပုံမ​ပေါ်။ဘာမှလဲ​မေးလို့ရမှာမဟုတ်​။
အခန်းထဲသို့တွဲ​ခေါ်လာပြိီး အဝတ်​အစားလဲ
ပေးကာ အိပ်​ရာ​ပေါ်တင်​​ပေးလိုက်​သည်​။
အမယ်​ ဒါ​တောင်​​ကောင်း​ကောင်းမအိပ်​။
Yuriကိုဆွဲချပြီး ဖက်​ထား​သေးတာ။Yuri
မအိပ်​ချင်​​သေး​သော်​လဲ အိပ်​လိုက်​ရသည်​။
ခနကြာ​တော့ ရင်​ဘတ်​​နားကစိုစွတ်​လာသည်​။
ဟင်​ သူ ငို​နေတာလား။

ရင်​ခွင်​ထဲက Yoonaမျက်​နာ​လေးကို ဆွဲ​မော့
လိုက်​​တော့ မျက်​ရည်​စီး​ကြောင်းများ။
အိ​ပ်​​တော့အိပ်​​နေတာပါပဲ။အိပ်​မက်​ မက်​​နေတာ
လား။Yoonaက​တော်​ရုံတန်​ရုံငိုတတ်​သူမှ
မဟုတ်​တာ။တ​နေရာရာက နာ​နေလို့လား။
သူ Yoonaတစ်​ကိုယ်​လုံးကို
လှည့်​ပတ်​စစ်​​ဆေးကြည့်​​တော့လဲ ဘာဒဏ်​ရာ
မှမ​တွေ့။မနက်​​ရောက်​မှပဲ ​မေးကြည့်​တာ
ကောင်းပါတယ်​​လေ။
ထို့​နောက်​​တော့ Yuriပါအိပ်​​မောကျသွားသည်​။

"အားးး ​ခေါင်းကိုက်​လိုက်​တာ"

ဘေးနားကိုကြည့်​လိုက်​​တော့ ဘယ်​သူမှမရှိ။
Yuriအိပ်​ရာထသွားပြီထင်​တယ်​။
မျက်​နာသစ်​သွားတိုက်​ပြီး ​အောက်​ကိုဆင်းလာ
တော့ ဆိုဖာ​ပေါ်ငုတ်​တုတ်​ထိုင်​​နေသည့်​Yuri။

ကြိုးWhere stories live. Discover now