Chapter - 32 (Zawgyi & Unicode)
Start from the beginning
ပုလင်းငယ်​ကို ယူကြည့်​လိုက်​ပြီး ...
"အ​မေ ... ဒါက ဘာလဲ"
သူမမိခင်​သည်​ အကြံအစည်​အပြည့်​နှင့်​ ပြုံးလိုက်​ပြီး ...
"ဒါက အ​မေ့မိသားစုရဲ့ လျို့ဝှက်​ကာမအားတိုး​ဆေး"
မိန်​​ကွေ့ မျက်​လုံးတို့ ပြူးကျယ်​သွားပြီး ...
"တကယ်​လား"
သခင်​မကြီးပြုံးပြရင်း ​ခေါင်းညိတ်​ပြလိုက်​ပြီး ​နောက်​ထပ်​အပြာ​ရောင်​​ဆေးလုံးကို ယူထုတ်​လိုက်​ပြန်​သည်​။
"သမီး ... တကယ်​လို့ မင်းကြီးက သမီးဆီကိုလာတဲ့အခါ ဒီ​ဆေးကို​သောက်​လိုက်​ ... ဒါဆို က​လေးရဖို့ပိုမြန်​သွားလိမ့်​မယ်​"
သူမအ​မေထံမှ ထိုပစ္စည်းနှစ်​ခုရလိုက်​ဖြင့်​ မိန်​​ကွေ့ ​ပျော်​သွားပြီး သူမ၏အံဆွဲတစ်​​နေရာတွင်​ သိမ်းထားလိုက်​သည်​။
ထို့​နောက်​ သူမကိုယ်​တိုင်​ မိဘတို့ကို နန်း​တော်​တံခါးမထိ လိုက်​ပို့​ပေးကာ နှုတ်​ဆက်​​လေသည်​။
မိန်​​ကွေ့ မိဘတို့လာပြီး ​နောက်​နှစ်​ပတ်​​ကျော်​လွန်​သည့်​တိုင်​ ဧကရာဇ်​သည်​ သူမထံ မလာခဲ့​ပေ။ ​စောင့်​​နေလျှင်​ ထူးခြားလာမည်​မဟုတ်​သဖြင့်​ သူမကိုယ်​တိုင်​ ဧကရာဇ်​ထံသွားရန်​ ဆုံးဖြတ်​လိုက်​သည်​။ ဧကရာဇ်​မှာ အလုပ်​များ​နေသဖြင့်​ သူမထံမလာနိုင်​ခြင်းဖြစ်​လိမ့်​မည်​ဟု ​တွေးမှတ်​ရင်း သူမသာသွားလိုက်​လျှင်​ ဧကရာဇ်​ အံ့ဩပြီး ​ပျော်​သွားလိမ့်​မည်​ဟု သူမထင်​​နေမိသည်​။
မိန်​​ကွေ့ ကိုယ့်​ကိုယ်​ကို တစ်​မနက်​လုံး ပြင်​ဆင်​​နေပြီး စိတ်​တိုင်းကျသွားသည့်​အခါ ကျိအာ ဘက်​ကိုလှည့်​လိုက်​ရင်း ....
"ကျိအာ ... ငါလှလား"
ကျိအာ ​သေချာကြည့်​လိုက်​ရင်း အတင်းလုပ်​ယူထားရ​သည့်​အပြုံးနှင့်​ ....
"သခင်​မ​လေးက နန်းတွင်းထဲမှာ အလှဆုံးပါ ..."
ကျိအာ ​ကြောင့်​ မိန်​​ကွေ့ ​ကျေနပ်​သွားပြီး ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​လိုက်​ကာ ယုံကြည်​ချက်​အပြည့်​နှင့်​ ပြုံးလျက်​ အပြင်​သို့ထွက်​ရန်​ ပြင်​​လေသည်​။