Chapter - 32 (Zawgyi & Unicode)
Start from the beginning
မိန်​​ကွေ့ သူမအ​မေကို မျက်​​မှောင်​ကြုတ်​ကြည့်​လိုက်​ပြီး ​အေးစက်​စွာ ...
"အ​မေ မစိုးရိမ်​ပါနဲ့ ... အဲဒီအစား ဘုရင့်​​ယောက္ခမဖြစ်​လာဖို့ပဲ ​စောင့်​​နေကြပါ​..."
မိဘနှစ်​​ယောက်​လုံး မျက်​လုံးပြူးသွားပြီး ...
"သမီး ဘာ​ပြောတာလဲ ... မင်းကြီးက သမီးကို ထိမ်းမြားခွင့်​​တောင်းထားပြီးပြီလား"
မိန်​​​ကွေ့ ခါး​ထောက်​လိုက်​ပြီး ပြုံးလိုက်​ကာ ...
"မင်းကြီးက သမီးကို အရမ်းချစ်​တာ ... အစက​တော့ ကိုယ်​လုပ်​​တော်​​ရွေးခံထားရတဲ့သူ​တွေကို အိမ်​ပြန်​လွှတ်​ဖို့​ပြောလိုက်​တယ်​ ဒါ​ပေမယ့်​ ပြန်​စဉ်းစား​ပေးပါလို့ ​လျှောက်​လိုက်​တယ်​ ... မင်းကြီးက ချက်​ချင်းစိတ်​​ပြောင်းပြီး သမီးကိုလည်း ​နေချင်​သ​လောက်​​နေဆိုပြီး ခွင့်​ပြု​ပေးလိုက်​တယ်​"
"သမီး ​... ​သေချာရဲ့လား"
သခင်​ကြီး ဟွာ က မယုံသင်္ကာနှင့်​ ​မေး​လေသည်​။ မိန်​​ကွေ့ မ​ဖြေခင်​တွင်​ သခင်​မကြီးက ပြုံးလိုက်​ပြီး ...
"သခင်​ကြီးကလည်း ... ​သေချာတာ​ပေါ့ .. သမီး​လေးက အလှဆုံးပဲ​လေ .. သူ့ကို ဘာလို့မယုံကြည်​မိလဲဆိုတာ မသိ​တော့ဘူး"
သခင်​ကြီး ဟွာ သက်​ပြင်းချလိုက်​ပြီး သူတို့သမီးသည်​ အမှန်​တကယ်​လှပသည်​ကို လက်​ခံသည်​။ ထို့​ကြောင့်​ ဘုရင်​သစ်​သည်​လည်း ဘုရင်​​ဟောင်းကဲ့သို့ပင်​ သူမကို နှစ်​သက်​လိမ့်​မည်​ဟု ထင်​မိသည်​။
ကျိအာ ကို စား​သောက်​ဖွယ်​များ ပြင်​ရန်​​ပြောပြီး​နောက်​တွင်​ မိန်​​ကွေ့ သူမမိဘတို့အနားတွင်​ ထိုင်​လိုက်​သည်​။
မိန်​​ကွေ့ ထိုင်​လိုက်​သည်​နှင့်​ သူမ မိခင်​သည်​ အိတ်​ငယ်​တစ်​ခုထဲမှ ပုလင်းတစ်​ဘူးကို ထုတ်​လိုက်​ပြီး မိန်​​ကွေ့ ကို ပြ​လေသည်​။
"သမီး ... အစက​တော့ အ​မေ ဒါကို မယူလာဘဲ​နေမလို့ ဒါ​ပေမယ့်​ လိုအပ်​တဲ့အခါ သုံးရ​အောင်​လို့ ယူလာတာ ... အ​မေတို့ကို နတ်​​တွေ ​စောင်​မ​နေကြတာပဲ .. သမီးနဲ့ ဘုရင်​အသစ်​က ဖူးစာပါလာပြီးသားဖြစ်​မှာ ..."