Chapter - 32 (Zawgyi & Unicode)
33K 3.1K 202
●●●Zawgyi●●●
"သခင်​မ​လေး မိန်​​ကွေ့ ... သခင်​မ​လေးရဲ့ အ​ဖေနဲ့ အ​မေ ​ရောက်​​နေပါတယ်​"
မိန်​​ကွေ့ ကျိအာ ကို ကြည့်​လိုက်​ပြီး ​အော်​​လေသည်​။
"ဘာလို့ ငါ့ကို ကြိုမ​ပြောတာလဲ !!"
ကျိအာ အမြန်​ပင်​ ​ခေါင်းငုံ့ကာ​တောင်းပန်​​သော်​လည်း မိန်​​ကွေ့ က စိုက်​ကြည့်​​နေရင်း ....
"ဟွန့်​ ... နင်​ ဘာမှကိုအသုံးမကျဘူး ... သူတို့ဘယ်​မှာလဲ !"
"နန်း​တော်​တံခါးမမှာ ရှိ​နေပါတယ်​ ... ကျွန်​​တော်​မျိုးမ ​ခေါ်လာခဲ့ရမလား"
"​ခေါ်ရမှာ​ပေါ့ !!"
မိန်​​ကွေ့ ​အော်​လိုက်​သံ​ကြောင့်​ ကျိအာ နန်း​တော်​တံခါးသို့​ပြေးသွားပြီး မိန်​​ကွေ့ ၏ မိဘတို့ကို ​ခေါ်လာ​လေသည်​။
သခင်​ကြီး ဟွာ နှင့်​ ဇနီးသည်​ သူတို့ကို မိန်​​ကွေ့ ကိုယ်​တိုင်​မလာ​ခေါ်သဖြင့်​ အံ့ဩ​သော်​လည်း ဘာမှ​ပြောဘဲ ကျိအာ လမ်းညွှန်​ရာ​နောက်​သို့သာ လိုက်​လာကြ​လေသည်​။
မိန်​​ကွေ့ အခန်းကို​ရောက်​သည့်​အခါ သခင်​မကြီးက မိန်​​ကွေ့ ကိုဖက်​လိုက်​ပြီး အခန်းကိုကြည့်​ကာ မျက်​​မှောင်​ကြုတ်​လိုက်​​လေသည်​။
သခင်​ကြီး ဟွာ ပြုံးရင်းဖြင့်​ ....
"သမီး ဒီအ​တောအတွင်း အဆင်​​ပြေရဲ့လား"
"အ​ဖေ ... မိန်​​ကွေ့ အဆင်​​ပြေပါတယ်​ .. ဒါနဲ့ ဘာလို့လာကြတာလဲ"
"သမီးရယ်​ ... ဘုရင်​​ဟောင်း နတ်​ရွာစံပြီးကတည်းက သမီးအ​ဆင်​​ပြေလားလို့ အ​မေတို့က လာကြည့်​တာပါ ... ဘုရင်​အသစ်​က​ရော ဘယ်​လို​လဲ"
သူမအ​မေစကားကို သ​ဘောမကျစွာ မျက်​နှာမဲ့လိုက်​ရင်း ...
"အ​မေ ... ဘုရင်​သစ်​က သမီးရဲ့ ရုပ်​ရည်​မှာ မနစ်​​မြောနိုင်​ဘူးလို့ ထင်​​နေတာလား"
"ဟင်း ... သမီးရယ်​ .. အရင်​ဘုရင်​က နတ်​ရွာစံပြီဆို​ပေမယ့်​ အခုဘုရင်​သစ်​က ကိုယ်​လုပ်​​တော်​​တွေကို စိတ်​မဝင်​စားဘူးဆိုတာ အ​မေတို့ကြားထားပြီးပြီ ... အဲဒါ​ကြောင့်​ သမီးကို လာကြည့်​တာ"