Chapter - 31 (Zawgyi & Unicode)
33.5K 3.3K 70
●●●Zawgyi●●●
အိုက်​ရှင်း သည်​ ရှန်း ပြန်​လာသည်​အထိ ​စောင့်​​နေချင်​​သော်​လည်း အိပ်​​ပျော်​သွားခဲ့သည်​။ ညသန်း​ခေါင်​အချိန်​​ရောက်​မှသာ ရှန်း လက်​ထဲမှ နိုးလာခဲ့သည်​။ ရှန်း ကို​မော့ကြည့်​လိုက်​ပြီး အိုက်​ရှင်း ကို ​မြှောက်​ကာ ရှန်း မျက်​နှာကို အသာထလိုက်​ပြီး ​ခေါင်းကိုအနည်းငယ်​ ​မော့ကာ ရှန်း နှုတ်​ခမ်းကို အနမ်းတစ်​ပွင့်​​ပေးလိုက်​ပြီး တခစ်ခစ်ရယ်ေ​​​န​လေသည်​။ ရှန်း မနိုးလာသဖြင့်​ အိုက်​ရှင်း ​နောက်​တစ်​​ခေါက်​နမ်းလိုက်​ပြီး ပြုံးကာကြည့်​​နေ​လေသည်​။ ကိုယ့်​ကိုယ်​ကို ရှန်း ရင်​ခွင်​ထဲတိုးဝင်​လိုက်​ပြီး​နောက်​ အိပ်​​မောကျသွားပြန်​​လေသည်​။
အိုက်​ရှင်း အိပ်​​ပျော်​သွားသည့်​အခါမှ ရှန်း မျက်​လုံးတို့ဖွင့်​လိုက်​ပြီး အိုက်​ရှင်း ကို မြတ်​နိုးစွာကြည့်​ရင်း နဖူးကို ယုယဖွယ်​နမ်းလိုက်​​လေသည်​။
နောက်​တစ်​​နေ့တွင်​ ပင်းကျင်း မြို့ထဲလည်​ပတ်​ရမည်​ဆို​သော​ကြောင့်​ အိုက်​ရှင်း စိတ်​လှုပ်​ရှား​နေသည်​။
"ရှန်း ... မြန်​မြန်​လုပ်​​လေ"
ရှန်း ပြုံးလိုက်​ရင်း အိုက်​ရှင်း ကို အညို​ရောင်​မျက်​နှာဖုံး တပ်​​ပေးလိုက်​ပြီး လှပ​သော မိန်းက​လေးဝတ်​စုံကိုလည်း ဆင်​မြန်း​ပေးထား​လေသည်​။
ရှန်း လည်း အိုက်​ရှင်း နှင့်​အလားတူ မျက်​နှာဖုံးကိုတပ်​လိုက်​ပြီး နန်း​တော်​ထဲမှ တိတ်​တဆိတ်​ထွက်​လာကြ​လေသည်​။
ပင်းကျင်း မြို့သည်​ လူအလွန်​ထူထပ်​လှသဖြင့်​ အိုက်​ရှင်း လက်​ကို ရှန်း ​သေချာစွာဆုပ်​ကိုင်​ထားရင်း မြို့ထဲသို့ လမ်း​လျှောက်​ဝင်​လာကြ​လေသည်​။
လမ်း​လျှောက်​​နေရင်းနှင့်​ အချိုသကြားခဲတို့နှင့်​ သံပတ်​အရုပ်​များ​ရောင်း​နေ​သောဆိုင်​ကို ​တွေ့သည့်​အခါ ရှန်း ကို ထိုဆိုင်​သို့ အိုက်​ရှင်း ဆွဲ​ခေါ်သွား​လေသည်​။