Chapter - 29 (Zawgyi & Unicode)
34.8K 3.3K 146
●●●Zawgyi●●●
အိုက်​ရှင်း မည်​သို့​သောအပြစ်​ကို ကျူးလွန်​ထားသည်​မသိ​သော်​လည်း ဧကရာဇ်​အသံအရ အလွန်​ကြီးမားလိမ့်​မည်​ဟု ထင်​လိုက်​သည်​။ ထို့​ကြောင့်​ ရှန်း အ​နောက်​သို့ ချက်​ချင်းပုန်းကွယ်​လိုက်​ကာ အသနားခံ​နေသည့်​ မျက်​လုံးဝိုင်းတို့ဖြင့်​ ရှန်း ကို ကြည့်​​နေ​လေသည်​။
အိုက်​ရှင်း အကြည့်​ထဲတွင်​ စိုးရိမ်​ထိတ်​လန့်​မှုများ ပါ​နေသဖြင့်​ ရှန်း ပြုံးပြလိုက်​ပြီး ​ခေါင်းကို နိမ့်​ချလိုက်​ကာ အိုက်​ရှင်း နှုတ်​ခမ်းကို ဖြတ်​ခနဲ နမ်းလိုက်​​လေသည်​။ အိုက်​ရှင်း နှင့်​ ရဲမက်​တို့မှာ မျက်​နှာနီရဲသွားပြီး ဧကရာဇ်​သည်​သာ အံကြိတ်​လိုက်​ပြီး ရှန်း ကို ထိုးနှက်​​လေသည်​။
ရှန်း လျင်​မြန်​စွာ ​ရှောင်​လိုက်​ရင်း ဧကရာဇ်​ကိုပင်​ တန်​ပြန်​တိုက်​လိုက်​ပြီး ကြမ်း​ပေါ်ကို ​ဆောင့်​ပစ်​ချလိုက်​ပြီး ​အောင်​နိုင်​သည့်​အပြုံး ပြုံးလိုက်​​လေသည်​။
ထိုအဖြစ်​​ကြောင့်​ ဧကရာဇ်​သည်​ ပြင်းထန်​လာသည့်​ ​ဒေါသစိတ်​​ကြောင့်​ နှလုံးကိုထိခိုက်​သွားပြီး ​ပါးစပ်​မှ ​သွေးအနည်းငယ်​အန်​ထွက်​ပြီး ​မေ့လဲသွား​လေသည်​။
"အရှင်​မင်းကြီး !!!"
အမတ်​ ယု ​အော်​လိုက်​ပြီး ဧကရာဇ်​ကို အလျင်​အမြန်​ပင်​ စစ်​​ဆေး​လေသည်​။ ထို့​နောက်​ မို့ကျန်​​ခေါင်​ ဘက်​ကိုလှည့်​ကာ ဧကရာဇ်​ကို နန်းတွင်းသမား​တော်​ထံ​ခေါ်သွားရန်​ ​ပြော​လေသည်​။
မြန်​ဆန်​လွန်း​သောအဖြစ်​အပျက်​တို့​ကြောင့်​ အိုက်​ရှင်း မသိလိုက်​​သော်​လည်း စိုးရိမ်​မိ​လေသဖြင့်​ ....
"ရှန်း ... မင်းကြီး အဆင်​​ပြေပါ့မလားဟင်​"
ရှန်း ပြန်​မ​ဖြေဘဲ သက်​ပြင်းချကာ အိုက်​ရှင်း ကို အိပ်​ခန်းထဲသို့ ချီသွားပြန်​​လေသည်​။
နောက်​တစ်​​နေ့တွင်​ ဧကရာဇ်​ကြီး နတ်​ရွာစံသည့်​သတင်း ထွက်​​ပေါ်လာပြီး နတ်​ရွာစံရသည့်​​အ​ကြောင်းရင်း ​ကောလာဟလတို့လည်း ထွက်​​ပေါ်​နေ​လေသည်​။