💫 speak to my heart 💫
အချိန်က ညဆယ်နာရီ ။ အချိန်ကစောနေသေးတယ် ။
ဒီအချိန်ကလပ်မှာ လူမဆုံသေးဘူး.. ။ dancing floorမှာ
ကခုန်နေသူ အနည်းငယ်တော့ရှိသည် ။
"..သူတို့တွေ အမြဲမမောနိုင်ဘူး.. "
Barကနေ စီးချက်ကျကျကခုန်နေသူကို ကြည့်ရင်း minseokက လည်းပင်းတွေကိုပွတ်ရင်းပြောတယ်. ။
"..ငါတောင် နှစ်ရက်လောက်နဲ့.. လည်ပင်းတွေကော ကိုယ်လက်တွေကောနာနေတာ.. "
"...ဒါကတော့ မင်းက ကျင့်သားမှမရသေးတာ "
Baekhyunဟာ minseokရှေ့က အရက်ခွက်ကို ယူမော့လိုက်ရင်း ခပ်ပြုံးပြုံးဆိုတယ်.. ။ သူ့အရက်ခွက်ကိုယူသောက်လိုက်တဲ့ baekhuyn ကို minseokမျက်မှောင်ကုပ်ကြည့်တယ်. ။
"..မင်းမူးရင် ငါမထိန်းနိုင်ဘူး.. မူးအောင်သောက်ကြည့် ဖြဲသတ်မှာ.."
ပြောပြီး ဘတ်ဟွန်းဟာ မီးရောင်စုံတွေအောက်မှာကွေးနေအောင်ကတယ်.. ။ မကြာတဲ့အချိန်မှာ မင်ဆော့လည်း ဘတ်ဟွန်းဘေးသွားကာ DJသံတွေနဲ့ စီးမျောရင်း
အကကိုပုံဖော်နေတယ် ။
အချိန်က ၁၂ကျော်လောက်ရှိပြီ ကလပ်ထဲလူပိုဆီလာပြီ.. ။ ပြည့်လာတဲ့ dancing floorမှာ ကကွက်အစုံ လှုပ်ရမ်းနေတယ်.. ။
Djသမားက ပိုပြီးမြူးတဲ့ တီးလုံးတွေကိုရွေးချယ်ခဲ့တွယ် ။ Djသမားနဲ့ ကခုန်သူတွေဟာ ထူးဆန်းတဲ့ ကိုက်ညီမှုနဲ့ မြူးကြွတဲ့သံစဉ်တွေမှာ လှုပ်ရှားနေကြတယ် ။
ကောင်းလေတွေက ခပ်လှလှကောင်မလေးတွေနားမှာ တ၀ဲလယ်လယ် ။ အနည်းဆုံးတော့ ကလပ်တပ်တဲ့မိန်းကလေးတွေကို ကဗျာဆန်တဲ့ ရည်းစားစကားတွေပြောဖို့မလိုဘူး.. ။ သူတို့က ပကထိပွင့်လင်းကြပါတယ် ။ ကောင်မလေးတစ်ချို့ မူးပြီးလိုက်ရမ်းနေလို့ သူငယ်ချင်းတွေက၀ိုင်းထိမ်းပေးနေရတယ် ။ ရောင်စုံတွေချယ်ထားပြီး မပေါ်ပေါ်အောင် ၀တ်ထားတဲ့ကောင်မလေးအချို့ဟာ ဒီညအတက် သူတို့ရဲ့ဖောက်သည်ကို စည်းချက်တွေကြားမှာ လိုက်ရှာနေရင်းကခုန်နေကြတယ် ။
YOU ARE READING
Speak to my heart♥
Fanfiction{ ချစ်တယ်ဆိုတဲ့စကားကို ငါ့နှလုံးသားလေးဘဲကြားအောင် တိုးတိုးလေးပြောပြပေးမလား ? }
