Chapter - 27 (Zawgyi & Unicode)
37.6K 3.4K 156
●●●Zawgyi●●●
T/N : Warning alert !!!
အိမ်​​ရှေ့စံအ​ဆောင်​ကို အမြန်​လာ​တော့ ဥယျာဉ်​ငယ်​ထဲတွင်​ အိုက်​ရှင်း နှင့်​ ​စောင့်​​ပေး​နေ​သော ရင်​ ကိုလည်း ​တွေ့လိုက်​​လေသည်​။
အိုက်​ရှင်း ဆီသို့ အလျင်​အမြန်​ပင်​သွားလိုက်​ပြီး အ​နောက်​မှ​နေ၍ အိုက်​ရှင်း ၏ ခါးသွယ်​သွယ်​ကို ဖက်​ထားလိုက်​သည်​။
"ယုန်​​လေး .... ​ရွှေငါး​တွေကို သ​ဘောကျလား"
အိုက်​ရှင်း အ​နောက်​လှည့်​ကာ ရှန်း ကို ​တောက်​ပ​သော ခရမ်း​ဖျော့မျက်​ဝန်းများနှင့်​ ကြည့်​လိုက်​ပြီး ဖြူစင်​သည့်​အပြုံးဖြင့်​ ​ခေါင်းညိတ်​ပြ​လေသည်​။
အလွန်​ဖြူစင်​သည့်​ အိုက်​ရှင်း ​ကြောင့်​ ရှန်း ပြုံးလိုက်​ကာ နှုတ်​ခမ်းတို့ကို ခဏမျှအတူ ဖိကပ်​ထား​လေသည်​။
"ယုန်​​လေး .... မင်းကြိုက်​တယ်​ဆိုရင်​ ဒီဥယျာဉ်​ငယ်​ကို မင်းကို​ပေးမယ်​"
အိုက်​ရှင်း မျက်​လုံးတို့ပြူးကျယ်​သွားပြီး ရှန်း လက်​ကို ဆုပ်​ကိုင်​လိုက်​ရင်း ....
"တကယ်​လား ... ဒါဆို ဒီကို ​နေ့တိုင်းလာလို့ရမလား"
"ဟား...ဟား... ရတာ​ပေါ့ ယုန်​​လေးရဲ့ .... မင်း လုပ်​ချင်​တာလုပ်​လို့ရတယ်​"
လှပ​သော ငါးများနှင့်​ မြင်​ကွင်းတို့ကို ​နေ့တိုင်းလာကြည့်​နိုင်​​တော့မည်​ကို အိုက်​ရှင်း ​ပျော်​သွားပြီး ရှန်း ကို ဖက်​လိုက်​​လေသည်​။
အိုက်​ရှင်း အလွန်​​ပျော်​​နေ​သော​ကြောင့်​ ရှန်း ပြန်​ဖက်​လိုက်​ပြီး နားနားကပ်​၍ ...
"ယုန်​​လေး .... ငါ့အိပ်​ခန်းကို လိုက်​မလား ... အဲဒီမှာ အရမ်းလှပြီး ရှားတဲ့ပစ္စည်း​တွေရှိတယ်​ ... မင်းယူချင်​တာ ယူလို့ရတယ်​"
နောက်​ဆုံးအကြိမ်​ ရှန်း အခန်းသို့ လာသည့်​အချိန်​တွင်​ သူတို့၏လုပ်​ရပ်​များကို သတိရသွားပြီး မျက်​နှာနီရဲလာကာ ​နောက်​တစ်​ကြိမ်​ပြန်​သွားရန်​ ရှက်​​နေမိ​သော်​လည်း လှပပြီးထူးခြားသည့်​ပစ္စည်းတို့ကို မှတ်​မိ​နေ​သေးသည်​။ ထို့​ကြောင့်​ ခဏကြည့်​ရန်​ စဉ်းစားလိုက်​ပြီး ရှန်း ကိုကြည့်​ကာ သိချင်​စိတ်​တို့ဖြင့်​ ​မေး​လေသည်​။