Chapter - 26 (Zawgyi & Unicode)
35.8K 3.5K 146
●●●Zawgyi●●●
အိမ်​​ရှေ့စံဟူသည့်​အမည်​နာမနှင့်​ ရှန်း ၏ လုပ်​ရပ်​တို့​ကြောင့်​ ရှဲ ထိတ်​လန့်​သွားသည်​။
'ဟင်​ ! ဒီလူက အိမ်​​ရှေ့စံလား !! ဘယ်​လိုလုပ်​ ဘုရင်​ကို အာခံပြီး နန်းတွင်းစစ်​သူကြီးကို သတ်​နိုင်​ရတာလဲ !! ဘာ​တွေဖြစ်​​နေတာလဲ ... ​ငါ အမှား​တော့ မလုပ်​မိပါဘူး​နော်​ '
ရှန်း ကို ကျန်းရှီ လည်း သတ်​မည်​မဟုတ်​သည်​ကို ဧကရာဇ်​ သိသွားသဖြင့်​ ပို၍အမျက်​ထွက်​လာပြီး ထရပ်​လိုက်​ကာ ....
"မင်းတို့ အရူး​တွေ !!! မင်းတို့ ငါ​ပြောတဲ့အတိုင်းမလုပ်​ရင်​ မင်းတို့အကုန်​လုံးကို သတ်​ပစ်​မယ်​ !!"
သို့​သော်​ ခန်းမထဲမှ လူတစ်​ဦးတစ်​​ယောက်​မှ ဘုရင်​ကို အာရုံမစိုက်​ကြ​ပေ။ အမတ်​ ရန်​ ဆီကိုသာ ​လျှောက်​လှမ်း​နေ​သည့်​ ရှန်း ကို ကြည့်​​နေကြသည်​။
"မင်း ... မင်း ..ဘာလုပ်​တာလဲ ! မင်း ... လုပ်​...လုပ်​ရဲရင်​ ...."
စကားပင်​ဆုံး​အောင်​ ​ပြောချိန်​မရလိုက်​၊ ရန်​ ​ခေါင်းကိုလည်း ရှန်း ဖြတ်​လိုက်​​လေသည်​။
ထို့​နောက်​ ဧကရာဇ်​ကို ရှန်း မျက်​နှာမူလိုက်​ရင်း ​သွေးစွန်း​နေသည့်​ မျက်​နှာဖုံးကို ချွတ်​လိုက်​​လေသည်​။
ရှန်း ၏ စူးရှကာ ​ကြောက်​စရာ​ကောင်း​သော မျက်​လုံးနှင့်​ အကြည့်​​ကြောင့်​ ဧကရာဇ်​ ရပ်​​နေရာမှ ပုလ္လင်​​ပေါ်ထိုင်​လျက်​ကျသွား​လေသည်​။
"အရှင်​မင်းကြီး .... ကျွန်​​တော်​မျိုး မိန်းက​လေး ထန်​ ကို လက်​ဖျားနဲ့​တောင်​ မထိခဲ့ပါဘူး ... အိုက်​ရှင်း နဲ့ ညတိုင်းအတူရှိ​နေတာကို ဘာ​ကြောင့်​ အခြားသူကို ထိရမှာလဲ"
စကားအဆုံးတွင်​ ရှန်း မဲ့ပြုံးတစ်​ခု ပြုလုပ်​လိုက်​​လေသည်​။ ဧကရာဇ်​ ပါးစပ်​ပင်​မ​စေ့နိုင်​ဘဲ မျက်​လုံးပြူးလျက်​ စကားဆက်​မ​ပြောနိုင်​ချိန်​တွင်​ ရှန်း မျက်​ဝန်းမှ ​အေးစက်​စက်​အ​ငွေ့အသက်​များ မ​ပျောက်​သွားဘဲ ရှဲ ကို လှည့်​ကြည့်​​လေသည်​။