Chapter - 25 (Zawgyi & Unicode)
Start from the beginning
"အမတ်​ကြီး ချန်း ... မိန်းက​လေး ထန်​ ရဲ့ စကား​တွေကို ယုံလား"
အမတ်​၏သား မုံ က ​ပြောခါနီးတွင်​ အမတ်​ ချန်း တားလိုက်​ပြီး ​ခေါင်းငုံ့ထားလျက်​ပင်​ .....
"အိမ်​...အိမ်​​ရှေ့စံမင်းသား ... ကျွန်​​တော်​မျိုး မယုံ ... အဲ .. မင်းသားဒီလိုလုပ်​မှာမဟုတ်​ဘူးဆိုတာ ကျွန်​​တော်​မျိုး သိပါတယ်​"
အခြား​သောအမတ်​တို့ကိုလည်း ရှန်း လှည့်​ကြည့်​လိုက်​ရင်း ....
"ကျုပ်​ဒီလိုလုပ်​ခဲ့တယ်​လို့ ယုံတဲ့သူရှိလား"
အမတ်​တို့အားလုံးလည်း ပညာသားပါပါ ​ခေါင်းငုံ့ထားကြ​သော်​လည်း တစ်​​ယောက်​သူကလွဲ၍။ တရား​ရေးရာအမတ်​ ရန်​ က ရှန်း ကိုကြည့်​ကာ ...
"မင်း...မင်း ... ကိုယ့်​ကိုယ်​ကို ဘယ်​သူလို့ထင်​​နေတာလဲ !! ဘုရင်​ကြီးရဲ့ အမိန့်​...အမိန့်​​တွေကို မဖီဆန်​သင့်​ဘူး ... စစ်​သူကြီးကို ဒီလိုလုပ်​ရဲတာ အတင့်​ရဲလှချည်​လား .. ​ချက်​ချင်း​ခေါင်းဖြတ်​သင့်​တယ်​ ... ရဲမက်​တို့ ... သူ့ကို ​ခေါင်းဖြတ်​ကြစမ်း !!!"
တရား​ရေးရာအမတ်​စကားတို့ကို ကြားပြီး​နောက်​ ဧကရာဇ်​လည်း ရှန်း ကို ​အော်​​လေသည်​။
"မင်း...မင်း လူမိုက်​ !! ငါဘယ်​သူဆိုတာသိရဲ့လား ... ငါ့လိုဘုရင်​ကို ဆန့ကျင်​ရဲတယ်​​ပေါ့​လေ .. ရဲမက်​​တွေ သူ့ကို ချက်​ချင်း​ခေါင်းဖြတ်​သတ်​ဖို့ ငါကိုယ်​​တော်​ အမိန့်​​ပေးတယ်​ !!!"
ရဲမက်​တို့ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ကြည့်​ကြပြန်​ပြီး အချင်းချင်းတွန်းပို့ကြပြန်​​လေသည်​။
တစ်​ဦးမှမလှုပ်​ရှားကြသဖြင့်​ ဧကရာဇ်​လည်း ​အော်​ဟစ်​​လေ​တော့သည်​။
"အရူး​တွေ !! ရဲမက်​ ဟဲပင်း ... မင်းက အ​တော်​ဆုံးမဟုတ်​လား ... သူ့ကို ချက်​ချင်း​ခေါင်းဖြတ်​ဖို့ ကိုယ်​​တော်​ မင်းကိုအမိန့်​​ပေးတယ်​"
ဧကရာဇ်​ကို ဟဲပင်း မျက်​​မှောင်​ကြုတ်​ကြည့်​လိုက်​ရင်း တည်​ငြိမ်​စွာပင်​ ...