Chapter - 25 (Zawgyi & Unicode)
35.4K 3.5K 191
●●●Zawgyi●●●
ဧကရာဇ်​အမိန့်​​ကြောင့်​ ရဲမက်​တို့ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ​ကြောက်​ရွံ့စွာကြည့်​ကြရင်း တစ်​ဦးကိုတစ်​ဦး ​ရှေ့သို့ တွန်း​နေကြပြန်​သည်​။
ခဏအကြာ ဘုရင့်​စစ်​သူကြီး ရီ ထွက်​လာပြီး မာန်​ဝင့်​လိုက်​သည့်​ဟန်​နှင့်​ ....
"အိမ်​​ရှေ့စံမင်းသား ရှန်း .... မင်းကြီးရဲ့အမိန့်​အရ မင်းသားကို ဖမ်းရပါမယ်​"
ရှန်း ကို အထင်​​သေးသည့်​အကြည့်​နှင့်​ ကြည့်​လိုက်​ပြီး သူ၏ ရဲမက်​နှစ်​​ယောက်​နှင့်​အတူ ရှန်း ထံ ဦးတည်​ကြ​လေသည်​။ ရဲမက်​နှစ်​​ယောက်​တို့လည်း သူတို့ကို ​ရွေးလိုက်​သည့်​အတွက်​ သူတို့၏ကံကို ကျိန်​ဆဲလိုက်​ပြီး ​ကြောက်​ရွံ့စွာ ​ခေါင်းငုံ့ထားရင်း ရှန်း ထံသို့ သွားကြ​လေသည်​။
ရှန်း အနား​ရောက်​သွားသည့်​အခါ စစ်​သူကြီး ရီ သည်​ ရှန်း ကိုဖမ်းရန်​ လက်​ထုတ်​လိုက်​သည့်​အချိန်​တွင်​ ရှန်း လည်း စစ်​သူကြီး၏ လည်​ပင်းကိုညစ်​ထားလိုက်​ပြီး ​ခေါင်းနှင့်​ကိုယ်​ တကွဲတပြားဖြစ်​သွား​အောင်​ ဖြည်းသက်​စွာနှင့်​ လွယ်​လွယ်​ကူကူ လုပ်​လိုက်​​လေသည်​။
ကြောက်​လန့်​​နေသည့်​ ရဲမက်​နှစ်​​ယောက်​ကဲ့သို့ပင်​ ခန်းမတွင်းရှိ အမတ်​တို့အကုန်​လုံး မျက်​နှာဖြူဖတ်​ဖြူ​ရော်​ဖြစ်​လာပြီး ​ခေါင်းငုံ့ထားကြ​လေသည်​။
ခေါင်းမရှိ​တော့သည့်​ စစ်​သူကြီး ရီ ခန္ဓာကိုယ်​ ​ကြမ်း​ပေါ်ကျသွားသည့်​အခါ ရှန်း ကိုယ်​ကို ကိုင်းချလိုက်​ပြီး ​သွေး​ပေ​နေ​သော လက်​တို့ကို စစ်​သူကြီး၏အဝတ်​တို့နှင့်​ သုတ်​သင်​လိုက်​​ပြီး တုန်​ယင်​​နေ​သော အမတ်​ ချန်း ကိုလည်း ကြည့်​​လေသည်​။
ရှန်း ၏ လုပ်​ရပ်​​ကြောင့်​ အခြားသူများကဲသို့ အမတ်​ ချန်း လည်း ​ခေါင်းငုံ့ထား​လေသည်​။
ရှန်း မျက်​နှာဖုံးတပ်​ထားလျက်​ပင်​ အမတ်​ ချန်း ကို မျက်​နှာမူလိုက်​ပြီး ....