Chapter - 24 (Zawgyi & Unicode)
Start from the beginning
လှည့်​မကြည့်​ဘဲ ရှန်း နှင့်​ ကျန်းရှီ တို့ ရယ်​လိုက်​ပြီး သူမကို လျစ်​လျူရှုထားကာ ​နန်း​တော်​ခန်းမထဲသို့ ​လျှောက်​သွားကြ​လေသည်​။
ရှဲ ​ဝေ့ ကိုကြည့်​လိုက်​ပြီး ​ဒေါသတကြီးနှင့်​ ....
"​ဟွန့်​ .... ​ဝေ့ .. နင်​သူ့ကို ယုံနိုင်​ရဲ့လား ... ငါ့လို ဒီ​လောက်​လှတဲ့သူက သူ့ကိုလက်​ထပ်​မယ်​​ပြောတာ​တောင်​မှ သူက ဂရုမစိုက်​ဘူး ... ငါတို့အထဲ​ရောက်​သွားရင်​ ငါ့ကို ကူညီ​ပေးရမယ်​ ... ဟုတ်​ပြီလား"
ပြီးခဲ့​သောအဖြစ်​​ကြောင့်​ ​ဝေ့ သူမကိုကြည့်​​နေပြီး ဘာမှမ​ပြော​ပေ။
"နင်​​တော့ !! ငါ့ကိုမကူညီရင်​ နင့်​ကို ငါကိုယ်​တိုင်​သတ်​မယ်​ ... နင်​က ငါ့အ​စေခံဆိုတာမှတ်​ထား ... နင့်​ကိုငါလုပ်​ချင်​တာလုပ်​လို့ရတယ်​"
နန်း​တော်​ခန်းမထဲသို့ ​ရောက်​သွားကြသည့်​အခါ ရှန်း နှင့်​ ကျန်းရှီ တို့ ဘုရင်​ကြီးကို အရို​အ​သေ​ပေး​လေသည်​။
"အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးတို့ မိန်းကေ​လး ထန်​ ကို ​ခေါ်​ဆောင်​လာခဲ့ပါပြီ"
အမတ်​ ချန်း သည်​လည်း ထသွားကာ ရှဲ ကို နှုန်​ဆက်​​လေသည်​။
"မိန်းက​လေး ထန်​ ... ​ဘေးမသီဘဲ ​ရောက်​လာခဲ့တာ တကယ်​ဝမ်းသာလို့မဆုံးပါဘူး ... အ​စေခံတစ်​​ယောက်​က မိန်းက​လေး​နေဖို့အတွက်​ ​နေရာလိုက်​ပြ​ပေးပါလိမ့်​မယ်​ .. ​နောက်​သုံးရက်​​နေရင်​ လက်​ထပ်​ပွဲစကြတာ​ပေါ့"
အမတ်​ ချန်း သည်​ တစ်​ဖက်​ကိုလှည့်​လိုက်​ပြီး ခန့်​ညားသည်​ဟုမဆိုသာပဲ သာမန်​ရုပ်​ရည်​နှင့်​ လူကိုကြည့်​ရင်း ...
"မုံ ... ဒီမှာ မင်းရဲ့ သတို့သမီး​လောင်းကို လာနှုတ်​ဆက်​လိုက်​​လေ"
ထိုလူရုပ်​ရည်​​ကြောင့်​ ရှဲ မျက်​​မှောင်​ကြုတ်သွားပြီး ရှန်း ကို လက်​ထပ်​ချင်​စိတ်​တိုးများလာ​လေသည်​။
ရှဲ မျက်​နှာ​ပေါ်မှအလိုမကျမှု​ကြောင့်​ အမတ်​ ချန်း လည်း အနည်းငယ်​မျက်​​မှောင်​ကြုတ်​ကြည့်​ကာ ....