Chapter - 24 (Zawgyi & Unicode)
35.7K 3.3K 100
●●●Zawgyi●●●
တစ်​​နေ့လုံခရီးနှင်​ခဲ့ပြီး​နောက်​ ပင်းကျင်း မြို့သို့ ​ရောက်​လာ​တော့သည်​။ နန်း​တော်​တံခါးကို အဖွဲ့ငယ်​ချဉ်းကပ်​လာသည့်​အခါ အ​စောင့်​ရဲမက်​တို့မှာ ရှန်း နှင့်​ ကျန်းရှီ ကို မြင်​လိုက်​ရ​သော​ကြောင့်​ မျက်​လုံးများပြူးကျယ်​ကုန်​​လေသည်​။
အခြားသူများကဲသို့ သူတို့လည်း အိမ်​​ရှေ့စံတို့ ​ခြေလျင်​စစ်​သားများမပါဘဲ ရာ့​​ဟွေ ရွာမှ မိန်းက​လေး ထန်​ ကို ​ခေါ်ရန်​ထွက်​သွားခဲ့သည်​ဟု ကြားထားကြသည်​။ ထို့​ကြောင့်​ သူတို့နှစ်​​ယောက်​ လုံးဝအသက်​မရှင်​နိုင်​ဟုလည်း ထင်​ထားခဲ့ကြသည်​။
ကျန်းရှီ ​အံ့အားသင့်​​နေကြ​သော ရဲမက်​တို့ထံသွားလိုက်​ပြီး သူ၏ ​တော်​ဝင်​အမှတ်​တံဆိပ်​ကို ပြ​လေသည်​။ တံဆိပ်​ကိုမြင်​သည့်​အခါ ရဲမက်​တို့ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ နားမလည်​နိုင်​ဟန်​ကြည့်​လိုက်​ကြ​သော်​လည်း ကျန်းရှီ တို့ကို ဝင်​ခွင့်​​ပေးလိုက်​​လေသည်​။
အိုက်​ရှင်း ကို ရှန်း သူ၏အ​ဆောင်​သို့ ​ခေါ်သွားစဉ်​ ကျန်းရှီ မှာ အခြားသူတို့ကို ကူ​ပေးရန်​ကျန်​ခဲ့ပြီး နှစ်​​ယောက်​သား နန်း​တော်​ပင်​မ​ဆောင်​​ရှေ့တွင်​ ​တွေ့ကြ​လေသည်​။
နန်း​တော်​ကို ​ရောက်​လာကြပြီဖြစ်​သဖြင့်​ ရှဲ သည်​ ရှန်း ကို ဆုံးရှုံးရ​တော့မည်​ဟု သိလိုက်​ပြီး ​စိုးရိမ်​လာ​တော့သည်​။
ရှန်း ကို အိုက်​ရှင်း မပါဘဲ အဖွဲ့ငယ်​ဘက်​သို့ ဦးတည်​လာ​နေသည်​ကို ရှဲ ​တွေ့သဖြင့်​ မျက်​ရည်​ဝဲ​နေ​သောမျက်​လုံးများနှင့်​ ....
"အစ်​ကို ... ရှဲ လက်​မထပ်​ချင်​ဘူး ... အစ်​ကို ရှဲ ကို ကူညီ​ပေးပါလား"
သို့​သော်​ ရှန်း က​တော့ လျစ်​လျူရှုလျက်​ပင်​။
သူမကို ရှန်း ပြန်​မ​ဖြေ​သော​ကြောင့်​ ....
"အစ်​ကို ... တကယ်​လို့ ရှဲ ကို မကူညီရင်​ အစ်​ကို ရှဲ ကို ​စော်​ကားခဲ့တယ်​လို့ အမတ်​ ချန်း ကို​ပြောလိုက်​ရင်​ အစ်​ကို ​ခေါင်းဖြတ်​ခံရလိမ့်​မယ်​"