Chapter - 20 (Zawgyi & Unicode)
36.8K 3.6K 145
●●●Zawgyi●●●
ကျန်းရှီ သည်​ ရှန်း နှင့်​အတူ ကြီးပြင်းခဲ့သဖြင့်​ ရှန်း ၏ စိတ်​စွမ်းအားကို သိရှိထားပြီး ထိုအစွမ်းကိုလည်း တဖြည်းဖြည်းနှင့်​ ခံနိုင်​ရည်​ရှိလာခဲ့သည်​။
ကြိမ်​ဖန်​များစွာ ​လေ့ကျင့်​ထားသဖြင့်​ သူ၏အစွမ်းကို ခိုင်​မာ​စေနိုင်​ပြီဟု မှတ်​ယူခဲ့သည်​။ သို့​သော်​ ရှန်း ၏အစွမ်းမှာ ကျန်းရှီ ​ခြေ​ပေါ်​သို့ အနည်းငယ်​သက်​​ရောက်​​နေ​သေးသဖြင့်​ သူ၏ ခံနိုင်​ရည်​အဆင့်​ကို သ​ဘောမကျဟန်​ မျက်​​မှောင်​ကြုတ်​လိုက်​​လေသည်​။ ရှန်း ကိုကြည့်​လိုက်​ပြီး ​သေ​စေနိုင်​​လောက်​သည့်​ဖိအား သုံး​နေရသည့်​အေ​ကြာင်းကို သိချင်​လာသည်​။ အ​ကြောင်းမှာ အသက်​ ၁၁နှစ်​အရွယ်​တုန်းကသာ အသက်​နှင့်​နီးနီး အန္တရာယ်​ကြုံခဲ့ရသဖြင့်​ အခုကဲ့သို့သုံးခဲ့ဖူးသည်​။
ဒီအတိုင်း​နေ၍ အ​ကြောင်းရင်းကို သိရမည်​မဟုတ်​​ကြောင်း သိလိုက်​သဖြင့်​ ကျန်းရှီ သက်​ပြင်းချကာ ရှန်း ထံသို့ အားတင်းကာ ​လျှောက်​သွား​လေသည်​။ ဖြတ်​လာရာလမ်းတွင်​ များပြား​သော ဓားပြတို့နှင့်​အတူ ရှဲ ၊ ​ဝေ့ နှင့်​ အ​စောင့်​တို့ကိုလည်း ​ဖိအား​ကြောင့်​ လဲ​နေကြသည်​ကို မြင်​ခဲ့ရသည်​။
"ရှန်း ... ဘာဖြစ်​တာလဲ"
ရှန်း အလိုမကျဟန်​ မျက်​​မှောင်​ကြုတ်​လိုက်​ပြီး ​ဒေါသသံနှင့်​ ....
"သူ ​ပျောက်​သွားပြီ !"
"ဟမ်​ !!"
ရှန်း လှည့်​လိုက်​ကာ ​အ​စေခံကို စိုက်​ကြည့်​လိုက်​ပြီး ....
"ရှဲ ရဲ့ အ​စေခံ တစ်​ခုခုလုပ်​လိုက်​တယ်ဆိုတာ ငါသိတယ်​ ... ငါ့မြင်းက ​ခေါင်းမာပြီး ဆိုး​ပေမယ့်​ လူတစ်​​ယောက်​ကို အ​ကြောင်းမရှိဘဲ အနာတရမ​ပေးတတ်​ဘူး ... ငါ့မြင်းကန်​လိုက်​ရ​အောင်​လည်း သူမ အိုက်​ရှင်း ကို တစ်​ခုခုလုပ်​ခဲ့လို့ပဲဖြစ်​မယ်​"
ကျန်းရှီ အ​စေခံမကိုကြည့်​လိုက်​ပြီး မျက်​နှာဖုံးကို ချွတ်​လိုက်​ကာ တည်​ငြိမ်​​သောအသံနှင့်​ ....