Chapter - 19 (Zawgyi & Unicode)
36.3K 3.5K 257
●●●Zawgyi●●●
နောက်​တစ်​​နေ့​ရောက်​မှသာ ....
အဖွဲ့စုငယ်​မှာ ငြိမ်းချမ်းစွာပင်​ နာရီများစွာကြာ​အောင်​ ခရီးဆက်​ခဲ့ပြန်​သဖြင့်​ မြင်းတို့အနား​ပေးရန်​ ခဏနားကြပြန်​သည်​။
အနားယူ​နေကြချိန်​တွင်​ ရှန်း ကို ကျန်းရှီ အ​ဝေးတစ်​​နေရာသို့ ​ခေါ်သွားသည်​ကို​ ရှဲ ​တွေ့လိုက်​သဖြင့်​ လျင်​မြန်​စွာပင်​ အိုက်​ရှင်း ထံသွားပြီး စကား​ပြော​လေသည်​။
ရှဲ မျက်​နှာ​ပေါ်တွင်​ အပြုံးတုကို ပြုလုပ်​လိုက်​ပြီး ....
"​ဟေ့ ... နင့်​နာမည်​ဘယ်​လို​ခေါ်လဲ"
အိုက်​ရှင်း သူမကိုကြည့်​လိုက်​ပြီး ....
"အိုက်​ရှင်း ပါ"
ရှန်း ကို ညွှန်​ပြလိုက်​ပြီး ရှဲ ​အေးစက်​စက်​နှင့်​ ​မေးပြန်​သည်​။
"အဲဒီလူနဲ့ ဘယ်​လိုပတ်​သက်​တာလဲ"
အိုက်​ရှင်း စဉ်းစားလိုက်​ပြီးမှ ....
"မသိဘူး"
"ဟွန့်​ .... အမှန်​တိုင်း​ဖြေစမ်း"
သူမအသံတွင်​ ​ဒေါသပါ​နေသဖြင့်​ အိုက်​ရှင်း လန့်​သွားပြီး ​ကြောက်​လာ​လေသည်​။
"တကယ်​....တကယ်​မသိပါဘူး ..."
အိုက်​ရှင်း ကို ရှဲ မျက်​နှာဖုံးကျွတ်​သွားသည်​အထိ ရိုက်​ချင်​လာ​သော်​လည်း ရှန်း သူတို့အနားသို့ လာ​နေသည်​ကို ​တွေ့လိုက်​သဖြင့်​ မျက်​နှာ​ပေါ်တွင်​ မြှူဆွယ်​​သောအပြုံးကို ပြုလိုက်​​လေသည်​။ ​ပျော်​ရွှင်​​နေသည့်​အသံဖြင့်​ ....
"အစ်​ကို ... ​နေ​ကောင်းလား .. ပင်​ပန်း​နေလား ... ​ဝေ့ က ရှဲ အတွက်​ စားစရာ​တွေပြင်​ပြီးသွားပြီ ... ရှဲ နဲ့အတူ လာစားပါလား"
သို့​သော်​လည်း ရှန်း သူမကို ​ကျော်​သွားလိုက်​ပြီး သူမရှိ​နေသည်​ကိုပင်​ ဂရုမစိုက်​​ပေ။
ထွက်​ခွာကြရန်​ပြင်​ဆင်​​နေချိန်​တွင်​ အိုက်​ရှင်း နားသို့ ရှဲ သွားလိုက်​ပြီး မျက်​လွှာချထားကာ ...