Chapter - 18 (Zawgyi & Unicode)
36.4K 3.5K 150
●●●Zawgyi●●●
တဲထဲတွင်​ လုပ်​စရာမရှိ​သော​ကြောင့်​ ရှဲ ပျင်းလာသဖြင့်​ အပြင်​ထွက်​ရန်​ ဆုံးဖြတ်​လိုက်​သည်​။
"သခင်​မ​လေး ရှဲ ... မသွားပါနဲ့ .... ဒီ​နေရာက အန္တရာယ်​များတယ်​"
"ဂရုမစိုက်​ဘူး .... တစ်​ခုခုမှမလုပ်​ရရင်​ ငါပျင်းလို့ ​သေသွားလိမ့်​မယ်​ ... ပြီး​တော့ ငါ့ကို ကာကွယ်​ရမှာက အဲဒီစစ်​သူကြီးအလုပ်​ပဲ​လေ ... သူငါ့ကို အထိခိုက်​ခံမှာမဟုတ်​ဘူး"
ဝေ့ မှာ​တော့ ဘာမှဆက်​မ​ပြောနိုင်​​တော့​ပေ။
အဖွဲ့စုနှင့်​ ​ဝေးသထက်​ ​ဝေးရာကို ရှဲ ​ပျော်​ရွှင်​စွာ ထွက်​လာခဲ့ရင်း စူးရှကာ ​ဆာ​လောင်​​နေသည့်​ မျက်​လုံးများ သူတို့ကို ​စောင့်​ကြည့်​​နေသည်​ကို သတိမထားမိ​ပေ။
"သခင်​မ​လေး ရှဲ ... ကျွန်​​တော်​မျိုးမတို့ ​စောင်​ကြည့်​ခံ​နေရသလို မခံစားမိဘူးလား"
ဝေ့ ကို ရှဲ မျက်​​မှောင်​ကြုတ်​ကြည့်​လိုက်​ရင်း သတ္တိမ​ကြောင်​ရန်​ ​ပြော​လေသည်​။ တစ်​​ယောက်​​ယောက်​ကကြည့်​​နေလျှင်​ ​ဝေ့ ထက်​ သူမသာ အရင်​ခံစားရ​လိမ့်​မည်​။
ထိုဆာ​လောင်​​နေ​သော မျက်​လုံးများသည်​ ရှဲ သူမ၏ အ​စောင့်​တို့နှင့်​ စစ်​သူကြီး မြင်​ကွင်းနှင့်​ လွတ်​သွားသည့်​အချိန်​တွင်​ ခြုံပုတ်​များထဲမှ ခုန်​ထွက်​လာပြီး သူမကို ဝိုင်းရံထားလိုက်​သည်​။
ဓားပြ ၁၀​ယောက်​ရှိသည့်​အဖွဲ့မှ သူမတို့ကို ဝိုင်းထားသည့်​အခါ ....
"သခင်​မ​လေး .... အခုဘယ်​လိုလုပ်​ကြမလဲဟင်​"
ဓားပြတို့ကို ရှဲ တုန်​လှုပ်​စွာကြည့်​လိုက်​ပြီး ....
"နင်​...နင်​တို့​တွေ ငါ့ကို ရန်​ပြုလို့မရဘူး ... ငါက ဘုရင်​ခံ​ခေါင်း​ဆောင်​တစ်​​ယောက်​ရဲ့ သမီးပဲ ... နင်​တို့ငါ့ကိုထိတာနဲ့ ငါ့အ​ဖေ နင်​တို့ကို သတ်​လိမ့်​မယ်​"
သူမစကား​ကြောင့်​ ဓားပြတို့ရယ်​​မောလိုက်​ကြပြီး စ​နောက်​ဟန်​ဖြင့်​ ....