Chapter - 17 (Zawgyi & Unicode)
38.8K 3.5K 86
●●●Zawgyi●●●
ကျန်းရှီ ရှန်း နှင့်​ အိုက်​ရှင်း တို့သည်​ ရှဲ ကို အိမ်​​တော်​ခြံ တံခါးဝတွင်​ ​စောင့်​​နေကြသည်​။
ခေါင်း​ဆောင်​ ထန်​ က ရှဲ အတွက်​ ပစ္စည်းများကို ပြင်​ဆင်​​ပေးလိုက်​ပြီး လှည်းကို​မောင်းနှင်​ရန်​အတွက်​လည်း အ​စောင့်​နှစ်​​ယောက်​ ထည့်​​ပေးလိုက်​သည်​။ ရှဲ ထွက်​လာ​သောအခါ ရှန်း နှင့်​ ကျန်းရှီ ကို ​တွေ့လိုက်​ပြီး ကျန်းရှီ မျက်​နှာကိုမြင်​​ချင်​​သော်​လည်း သူမအ​ဖေအား အမျက်​မရ​စေချင်​​သော​ကြောင့်​ လှည်းအတွင်းသို့ သူမအ​စေခံ ​ဝေ့ နှင့်​အတူ တိတ်​ဆိတ်​စွာ ဝင်​သွား​လေသည်​။
ခေါင်း​ဆောင်​ ထန်​ မှာ ရှဲ ကို စကားအနည်းငယ်​​ပြောပြီး​နောက်​ ထွက်​ခွာသွား​သောသူတို့ကို မြင်​ကွင်းမှ ​ပျောက်​သွားသည်​အထိ ကြည့်​​နေ​လေသည်​။
ရှဲ နှင့်​ သူမအ​စေခံ ​ဝေ့ က လှည်းထဲတွင်​ ထိုင်​ပြီး အ​စောင့်​နှစ်​​ယောက်​မှာ လှည်းကို ​မောင်းနှင်​​လေသည်​။ ကျန်းရှီ သည်​ လှည်း၏ ဘယ်​ဘက်​တွင်​ လိုက်​လာပြီး ရှန်း သည်​ အိုက်​ရှင်း နှင့်​အတူ လှည်းညာဘက်​တွင်​ လိုက်​ပါလာ​လေသည်​။
ရှဲ အပြင်​ကို ကြည့်​လိုက်​သည့်​အခါ အဖြူ​ရောင်​မျက်​နှာဖုံးနှင့်​လူ၏ ရင်​ခွင်​နားတွင်​ ​နောက်​ထပ်​လူတစ်​​ယောက်​ရှိ​နေ​သည်​ကို သူမ အခုမှသာ သတိထားမိသည်​။ အခြားသူနှင့်​အတူ စီး​နေသည်​ကို ရှဲ သိချင်​လာပြီး ​မေးချင်​​သော်​လည်း အကွာအ​ဝေးမှာ စကား​ပြောရန်​အတွက်​ မလုံ​လောက်​​ပေ။
နေ့တစ်​ဝက်​ခရီးနှင်​လာပြီး​နောက်​ လှည်းထဲတွင်​ ထိုင်​​နေရသည်​ကို ရှဲ ငြီး​ငွေ့လာသဖြင့်​ ညအိပ်​နားရန်​ ​ပြော​လေသည်​။
အန္တရာယ်​များ​သောလမ်းလယ်​တွင်​ အဖွဲ့ငယ်​တစ်ခုရှိ​နေပြီး လူအများကို ကာကွယ်​ရသည်​မှာလည်း အလုပ်​ရှုပ်​လှသဖြင့်​ ကျန်းရှီ က​တော့ မရပ်​တန့်​ချင်​​ပေ။ သို့​သော်​ ရှဲ မှာ အ​စောင့်​တို့ကို နား​စေပြီး သူမကိုယ်​တိုင်​ လှည်း​ပေါ်ကဆင်းလိုက်​သဖြင့်​ အားလုံးနားလိုက်​ရ​တော့သည်​။