"Xiao Lu..မေမေက စိတ်ချလက်ချလွတ်လိုက်တာ...မှားသွားတယ်။ သားပင်ပန်းနေတာကိုသိရဲ့သားနဲ့။ "

"ရပါတယ်..မေရဲ့.....အခုလိုဖြစ်သွားတော့လဲ နားရတာပေါ့..မဟုတ်ရင် ဘယ်တော့မှ အနားမယူဖြစ်ဖူးလေ။"

"မာမီ!..မား..! ကျွန်တော်..ကိုကိုနဲ့လက်ထပ်ချင်တယ်။"

တစ်ယောက်တည်း ဒိုင်ခံပြောရင်းထွက်လာသောအသံကြောင့် ဝမ်းသာအားရဖြစ်သွားရင်း...

"ဟုတ်တယ်...Sehunnie က......"

မဟုတ်သေးပါဘူး

"ဘာ!"

ရှိသမျှဆံပင်မွေးတွေထောင်တက်သွားရင်း လန့်ဖျန့်လှည့်ကြည့်မိတော့ အကုသိုလ်ကောင်က မျက်နှာသေနှင့်။

"ကိုကို့ကိုယူချင်တယ်။ ဖြစ်နိုင်ရင်အခုပဲ။"

"ဟေ့ကောင်!"

ခပ်လှမ်းလှမ်းဆိုဖာပေါ်က မွေးသမိခင်နှစ်ယောက်ကတော့ သူတို့ကိုကြည့်ကာ ပါးစပ်အဟောင်းသား။

ကားတိုက်မှုဖြစ်ပြီးခေါင်းပါထိသွားတာလား။

"ကိုကိုလဲ ကျွန်တော့်ကိုချစ်ရဲ့သားနဲ့..မူမနေနဲ့တော့။ ယူကြစို့"

"မင်းတော်! "

"မတော်နိုင်ပါဘူး။ ကိုကို့ကိုမယူရသေးခင် ကျွန်တော်သေသွားရင်ဘယ်လိုလုပ်မလဲ။ သေဖို့က ဒီနေ့လားမနက်ဖြန်လားမသေချာတာ။ ဒီ့ထက်စောင့်ဖို့စိတ်ကူးမရှိတော့ဘူး။ လက်မခံရင် ဆေးခတ်ပြီးပဲဖြစ်ဖြစ် တံခါးပိတ်ပြီးယူမှာ။ လက်ထပ်စို့နော်..ကိုကို။"

နှုတ်ခမ်းကပါရှေ့ထွက်လာလျက် ကလေးတွေပူဆာသလို....သူ့ပခုံးကျယ်ကြီးကိုဘယ်ညာရမ်းလျက် ဇွတ်တွေ အတင်းတွေ လက်ထပ်ချင်နေသော Sehunnie ကြောင့် Luhan အခုမှပင် တကယ်မေ့လဲချင်သွား၏။

"ဆေးရုံဆင်းရင် ကျွန်တော့်အိမ်လာနေ။ မာမီက ယောက္ခမကြီးအိမ်သွားနေတော့။"

သေလို့ရပြီ Xiao Luhan။

"Shuu!"

"ကိုကို"

ကျောပေးအိပ်နေသော ခန္ဓာကိုယ်လေးကတစ်ချက်သာဆတ်ကနဲဖြစ်သွားပြီး ပြန်ငြိမ်ကျသွားသည်။

Shuu!(COMPLETED)Where stories live. Discover now