ကမန်းကတန်းထိုးထည့်ပေးသွားသော စာရွက်ကိုကြည့်လိုက်ပြီး..

"ခဏစောင့်ဦး။ ငါပိုက်ဆံသွားရှင်းလိုက်ဦးမယ်။"

ထရပ်လိုက်သော ခန္ဓာကိုယ်လေးဟာ..သူ့မျက်စိရှေ့မှာပဲ ပစ်စလခတ်လဲ ပြိုကျလျက်.....

ကိုကို!

"Shuu!"

"ဓာတ်ဆားရည်သွင်းတာကုန်ရင် Ephedrine ဆက်သွင်းဖို့ နာ့စ်တစ်ယောက်လာလိမ့်မယ်။ သွေဖိအားတော်တော်နည်းနေတယ်။ လူနာက ကျောင်းသားလား။"

"ဆရာပါ။ ပါရဂူဘွဲ့အတွက်လည်းပြင်ဆင်နေပါတယ်။"

"ပင်ပန်းတာတွေများတာဖြစ်မယ်။ ဆေးရုံဆင်းရင် အနားယူဖို့ပြောပေးပါဦး။ သွေးဖိအားနည်းတဲ့အကြိမ်ရေများရင် ကျောက်ကပ်ထိသွားနိုင်တယ်။"

"ဟုတ်ကဲ့။ ပြောလိုက်ပါ့မယ် Doctor....။"

သူ့ကိုလူနာစောင့်လာရင်း လူနာဖြစ်သွားသော ကိုကို။ နဂိုဖြူသည့်အသားမှာ.အခုတော့ ပိုလို့ဆွတ်ဆွတ်ဖြူလျက်။ ဒီနေ့တစ်နေ့တည်းမှာ ဘာတွေဖြစ်သွားသည်လဲ။

အောက်စီဂျင် mask ပါတပ်ထားရသောကိုကို။ ဒီလိုနဲ့ပဲ မရှိခြင်းဆိုတာတွေကို ရင်ဆိုင်ရနိုင်ကြောင်း အရိပ်အမြွက်တွေပြတော့တာလား။ ကိုယ်ဖြစ်နေတာထက် နှစ်ဆပူလောင်သောခံစားချက်တွေဟာ ကိုကို့လက်တစ်ဖက်ကိုထွေးဆုပ်ကိုင်ရင်း နဖူးစပ်မှာယောင်ရမ်းထိမိသည်အထိ။

ချန်မသွားပါနဲ့ကိုကို။

ဘယ်ဘက်မျက်ဝန်းဆီမှ ခပ်နွေးနွေးမျက်ရည်တစ်စက် မလှမပ လွင့်ကြွေ၏။

သားတွေနှစ်ယောက်လုံးဆေးရုံရောက်သွားသည်မို့ ပြာယာခတ်နေသော အမေနှစ်ယောက်ကိုကြည့်ကာ Luhan ခေါင်းတွေပင်မူးချင်လာသည်။

"မားတို့....ထိုင်နေကြပါလား။ ကျွန်တော်တို့အဆင်ပြေပါတယ်။"

သီးသန့်ခန်းကိုတစ်ခါတည်းပြောင်းပေးပြီး နှစ်ယောက်လုံးဆေးရုံသုံးရက်တတ်ပြီးမှသာ ဆင်းခွင့်ပေးမည်ဟူသော တစ်ချက်လွတ်အမိန့်ကြောင့် Luhan စိတ်ပါညစ်၏။ ဘေးကုတင်က ကိုယ်တော်ကိုလှမ်းကြည့်တော့..ငြိမ်သက်လျက် ခေါင်းကြီးငုံ့ကာဘာတွေတွေးနေမှန်းမသိ။

Shuu!(COMPLETED)Where stories live. Discover now