Chapter - 15 (Zawgyi & Unicode)
43.2K 3.7K 155
●●●Zawgyi●●●
ရှန်း အိုက်​ရှင်း နှင့်​ ကျန်းရှီ တို့သည်​ ရာ့​ဟွေ ရွာအစွန်​ဘက်​သို့ ​ရောက်​လာကြ​လေပြီ။ လမ်း​ကြောင်းတွင်​ ​ဆေးဖက်​ဝင်​အပင်​များနှင့်​ ​သေးငယ်​​သော အ​ကောင်​များကိုလည်း ​တွေ့ကြရသည်​။ တချို့​သောအပင်​တစ်​ဝက်​နီးပါးကို အိုက်​ရှင်း တစ်​ခါမှမ​တွေ့ဖူး​သော​ကြောင့်​ ​လေ့လာချင်​စိတ်​ဖြစ်​မိ​လေသည်​။ လမ်းထဲသို့ဝင်​​ရောက်​လာသည့်​အချိန်​တွင်​ အနီ​ရောင်​​တောက်​​နေ​သောအရာတစ်​ခုက အိုက်​ရှင်း စိတ်​ကို ဆွဲ​ဆောင်​လိုက်​​သော​ကြောင့်​ ရှန်း ကို ​ခဏရပ်​​ပေးရန်​ ​တောင်းဆို​လေသည်​။
ကျန်းရှီ က တုံ့ဆိုင်း​နေ​သော်​လည်း ရှန်း က အဆင်​​ပြေသည့်​အ​ကြောင်း​ပြောပြီး အိုက်​ရှင်း ကို မြင်း​ပေါ်မှ ချ​ပေး​လေသည်​။
အိုက်​ရှင်း ​မြေပြင်​​​ပေါ် ​ခြေချလိုက်​သည်​နှင့်​ချက်​ချင်း မျက်​နှာဖုံးကိုချွတ်​လိုက်​ပြီး အသည်းပုံသဏ္ဍာန်​ရှိသည့်​ ထူးခြား​သော အနီ​ရောင်​အပင်​နားသို့ ​ပြေးသွား​လေသည်​။ ထိုအ​နီ​ရောင်​ အသည်းပုံသဏ္ဍာန်​အပင်​ အနီးတစ်​ဝိုက်​ရှိ အပင်​​တို့မှာ ​သေဆုံး​နေသည်​ကို ရှန်း သတိပြုမိ​သော​ကြောင့်​ အိုက်​ရှင်း ကို အပင်​နားမှ ဆွဲ​ခေါ်​လေသည်​။
"ယုန်​​လေး ... အနားမကပ်​နဲ့ အန္တရာယ်​ရှိ​နေနိုင်​တယ်​"
အိုက်​ရှင်း ချစ်​စဖွယ်​ပြုံးလိုက်​ပြီး ....
"မဟုတ်​ပါဘူး .... ဒါက အရမ်းရှားပါးပြီး အာနိသင်​များတဲ့ ​ဆေးပင်​​လေ"
ကျန်းရှီ မယုံသည့်​အကြည့်​နှင့်​ ....
"​သေချာရဲ့လား .... သူ့အနားက အပင်​​တွေအကုန်​​သေ​နေတာ ... အဆိပ်​ပင်​ဖြစ်​​နေဦးမယ်​"
အိုက်​ရှင်း တစ်​ဖန်​ပြန်​ပြုံးလိုက်​ပြီး ....
"ဒီအပင်​က အခြားစွမ်းရည်​​တွေကိုပါ စုပ်​ယူထား​တော့ အနီးကအရာ​တွေ ​သေဆုံး​နေတာပါ .... ဒီအပင်​​သေး​သေး​လေးက ဘယ်​လိုအနာ​ရောဂါမဆို ​ပျောက်​​အောင်​ လုပ်​​ပေးနိုင်​တယ်​ .... ဒါကို စားလိုက်​ရင်​ ဒီအပင်​က တခြားအပင်​​တွေရဲ့စွမ်းရည်​ကို စုပ်​ထားတာ​ကြောင့်​ သူ့မှာရှိတဲ့အာနိသင်​က စားသုံးသူကို ခဏတွင်း ​ပျောက်​ကင်း​အောင်​ ကု​ပေးတယ်​"