Chapter - 14 (Zawgyi & Unicode)
42K 3.6K 61
●Zawgyi●
ရှန်း နှင့်​ ကျန်းရှီ တို့ ထွက်​လာပြီးချိန်​ နန်း​တော်​၌ ....
ဧကရာဇ်​ အခန်းထဲတွင်​နား​နေရင်း မိမိအကြံကို ​ကျေနပ်​အားရစွာ ပြုံးလိုက်​ချိန်​တွင်​ မိဘုရား​ခေါင်​ကြီး​ရောက်​လာသည်​ကို အ​စေခံ​လျှောက်​တင်​လိုက်​သဖြင့်​ သိလိုက်​​လေသည်​။
မိဘုရား​ကြီးက ဝင်​လာလျှင်​ပင်​ အရိုအ​သေပြုလိုက်​ပြီး ဝမ်းနည်း​သောအကြည့်​နှင့်​ ​ပျော့​ပျောင်းစွာ​မေး​လေသည်​။
"အရှင်​မင်းကြီး ... ရာ့​ဟွေ ရွာက ​ခေါင်း​ဆောင်​ ထန်​ ရဲ့ သမီးကို ​ခေါ်လာဖို့အတွက်​ သား​တော်​​လေးကို လွှတ်​လိုက်​တယ်​လို့ ကြားမိပါတယ်​"
ဘုရင်​ကြီး မျက်​​မှောင်​ကြုတ်​ကာ ​အေးစက်​​သောအသံနှင့်​ ....
"ကိုယ်​​တော့်​အမိန့်​ကို အာခံတာလား"
မိဘုရားလည်း ချက်​ချင်းပင်​ ဦးညွှတ်​လိုက်​ပြီး ​ငို​ကြွေး​လေသည်​။
"အရှင်​မင်းကြီးကို အာမခံဝံ့ပါဘူး .... သား​တော်​​လေးအတွက်​ စိုးရိမ်​လို့ပါ ... ကျွန်​​တော်​မျိုးမတို့ရဲ့ တစ်​ဦးတည်း​သော သား​လေး​လေ .... တစ်​ခုခုဖြစ်​သွားရင်​ ဘယ်​လိုလုပ်​မှာလဲ"
မိဘုရားကြီးကို ဧကရာဇ်​ ​လှောင်​ပြုံးနှင့်​ကြည့်​လိုက်​ပြီး ....
"ကိုယ်​​တော့်​မှာ မကြာခင်​ က​လေး​မွေးဖွား​ပေးနိုင်​မယ့်​ ကိုယ်​လုပ်​​တော်​​တွေ အများကြီးရှိတယ်​ ... ​ပြီး​တော့ ဒီလိုသာမန်​ကိစ္စ​လေးကိုမှ မလုပ်​​ဆောင်​နိုင်​ရင်​ ကိုယ်​​တော့်​သားလို့ မ​ခေါ်ထိုက်​​တော့ဘူး"
ဧကရာဇ်​ စကား​ကြောင့်​ မိဘုရားကြီး စိတ်​တိုသွားပြီး ချက်​ချင်းပင်​ လည်​ပင်းညှစ်​သတ်​ချင်​​သော်​လည်း တည်​ငြိမ်​စွာနှင့်​ ထွက်​သွား​တော့သည်​။
မိဘုရားထွက်​သွားသည်​နှင့်​ ဧကရာဇ်​သည်​ အိုက်​ရှင်း ထံသွားမည်​ဟု အမတ်​ ယု ကို​ပြောရင်း အခြားကိစ္စများကို အချိန်​​ရွေ့ဆိုင်းထားခိုင်းလိုက်​သည်​။