Chapter - 13 (Zawgyi & Unicode)
46.4K 4.1K 175
●●●ZAWGYI●●●
ကိုယ်​လုပ်​​တော်​​ဆောင်​ရှိ အိုက်​ရှင်း အခန်းထဲတွင်​ ....
"ယုန်​​လေး .... ဒီမှာ​နေရတာ ပျင်း​နေလား"
ရှန်း ​မေးသည်​ကို ဖြူစင်​​သော ခရမ်း​ဖျော့​ရောင်​မျက်​လုံးများနှင့်​ အိုက်​ရှင်း ကြည့်​ကာ ​ခေါင်းညိတ်​ပြသည်​။
ရှန်း ပြုံးလိုက်​ရင်း အိုက်​ရှင်း ကို ဖက်​လိုက်​သည်​။
"ဒီနန်း​တော်​အပြင်​ဘက်​ကို ထွက်​ကြည့်​ချင်​လား"
အိုက်​ရှင်း မျက်​ဝန်းတို့ကျယ်​သွားပြီး တဖန်​ ပြန်​​မှေးလာကာ ....
"ထွက်​လို့ရလားဟင်​"
အိုက်​ရှင်း ၏ မယုံသင်္ကာအံ့သြဖွယ်​ မျက်​နှာ​လေး​ကြောင့်​ ရှန်း တင်းကျပ်​စွာ ဖက်​ထားလိုက်​ပြီး နဖူး​ပေါ်ကို အသာအယာနမ်းလိုက်​သည်​။
"ရတာ​ပေါ့ ယုန်​​လေးရဲ့ .... လိုအပ်​တာ​တွေ ထုပ်​ထားလိုက်​ ... ဒီည​နေ လိုက်​ပို့​ပေးမယ်​"
ရှန်း က နန်း​တော်​အပြင်​ဘက်​ကို လိုက်​ပို့​ပေးမည်​ ဆို​သော​ကြောင့်​ အိုက်​ရှင်း အလွန်​စိတ်​လှုပ်​ရှား​နေ​တော့သည်​။ သူ့ဘဝကို နန်း​တော်​ထဲတွင်​ ကုန်​ဆုံးခဲ့ရ​သော​ကြောင့်​ အပြင်​​လောကကို အလွန်​ပင်​ မျက်​မြင်​​တွေ့​ချင်​​နေခဲ့သည်​။ သို့​သော်​ တစ်​ခါမှ ထုပ်​ပိုးပြင်​ဆင်​တာမျိုး မလုပ်​ဖူး​သော​ကြောင့်​ သူ့အတွက်​ ဘာလိုအပ်​သည်​ကိုလည်းမသိသလို သူပိုင်​ဆိုင်​ရာတို့မှာလည်း အ​ရှေ့ဘက်​အ​ဆောင်​တွင်​သာ ရှိ​နေသည်​။
အိုက်​ရှင်း မျက်​လွှာချကာ ....
"ရှန်း ... ကျွန်​​တော်​ ဘာ​တွေပြင်​ဆင်​ရမလဲမသိဘူး .. ပြီး​တော့ ကျွန်​​တော့်​ပစ္စည်း​တွေက အ​ရှေ့ဘက်​အ​ဆောင်​မှာပဲ ရှိတာ"
အိုက်​ရှင်း ၏ စိုးရိမ်​​နေ​သော အမူအရာကိုကြည့်​ရင်း ရှန်း သ​ဘောကျစွာ ပြုံးလိုက်​ပြီး အ​ရှေ့ဘက်​​အ​ဆောင်​သို့ သွားယူနိုင်​​ကြောင်း​ပြောပြီး ချက်​ချင်းပင်​ ထွက်​သွားကြ​လေသည်​။