part-2

1 1 0
                                    

လကြီးဟာ ဒီနေ့ညမှာ သာမန်ညများထက် ပိုပြီးထိန်လင်းလက်ရှိနေခဲ့တယ်....🌝

913ဘီစီ ဂိုလျောနိုင်ငံ.......

အခုချိန် ကျွန်မအပြင်ထွက်ပြီး လမ်းလျှောက်ချင်တယ် ကျွန်မရဲ့လူယုံတော်ကိုအတူခေါ်ပြီး နှင်းဖွဲဖွဲကျနေတဲ့ လမ်း ကောင်းကင်မှာ လကြီးသာနေတာကို အကောင်းဆုံးမြင်ရမယ့် လမ်းဆီကို လျှောက်လှမ်းလာခဲ့ပါတယ်.....ကျွန်မ တစ်ခုခုအနားက ဖြတ်သွားတာကို သတိထားမိတယ်....အခုချိန်ကျွန်မ လှန့်ဖြတ်သွားခဲ့တယ်....ပေါ်လာတဲ့ အရာတွေက ကျွန်မတို့နိုင်ငံရဲ့ သူပုန်တွေ ကျွန်မတို့နှစ်ယောက်ထွက်ပြေးခဲ့ကြတယ် သူတို့ကလည်း ကျွန်မတို့နောက်က တစ်ဆက်ထိုး လိုက်လာခဲ့ကြပါတယ် ပင်ပန်းနေပါပြီ အဲ့ဒီ့အချိန်မှာ နောက်မှာ အရမ်းမောပန်းပြီး ကျန်ခဲ့တဲ့ ကျွန်မရဲ့လူယုံတော် ကျွန်မကြည့်နေတယ် သူ့ကိုမြန်မြန်ပြေးခဲ့လို့ အော်နေမိတယ် သူပုန်တွေမိသွားပြီး သူမအသတ်ခံလိုက်ရတယ် ကျွန်မပြေးမှရမယ်ဆိုတဲ့ အတွေးဝင်လာတယ် ဘာကြောင့်မှန်းမသိ လကြီးက အရောင်တွေဖုန်းလွှမ်းလာခဲ့တယ် ပျောက်ကွယ်စ ပြုလာတယ် 🌒 ကျွန်မရဲ့ပြေးလမ်းကို မမြင်ရတော့ဘူး အဲ့ဒီ့အချိန် ချောက်ကြီးတစ်ခုထဲကို ကျသွားတယ် အထဲမှာ ရေတွေရှိနေပေမယ့် ကျွန်မ ရေမကူးတတ်ဘူး....ကျွန်မအတွေးဝင်လိုက်တယ် ငါဘဝက ဒီနေရာမှာအဆုံးသတ်သွားပြီလို့ ကျန်ရှိနေသေးတဲ့အချိန် အောက်ဆုံးကို နှစ်မြုတ်နေဆဲအချိန် ကျွန်မ ပျောက်ကွယ်နေတဲ့ လကြီးပဲကြည့်နေခဲ့ရတယ်...🌑လုံးဝကိုပျောက်ကွယ်သွားပြီ.....

ဒီလိုနဲ့ မမလေး ကင်မီဆွန်း သေသွားခဲ့ပါပြီ.......

Next Day...........

ထင်းခုတ်လာတဲ့ ဦးလေးကြီးနှစ်ယောက်နဲ့မိန်းမတစ်ယောက် ရောက်လာခဲ့ကြတယ် သူတို့ မောတာနဲ့ အနားယူဖို့ ကန်ကြီးရှိရာကို သွားခဲ့ အဲ့ဒီ့အချိန် မိန်းမကြီးက ကန်ဘက်ကို ရေသွားခပ်ဖို့သွားရင် မမလေး ကင်မီဆွန်း ရဲ့ အလောင်းကိုမြင်သွားပါတယ် ဒါပေမယ့် သူမှန်းမသိပါဘူး မိန်းမကြီးဟာ အော်ဟစ်ပြီး လူကြီးနှစ်ယောက်ကို ခေါ်လိုက်ပါတယ် လူကြီးနှစ်ယောက်လည်း ရေထဲဆင်းပြီး အလောင်းကို ဆည်ယူလိုက်ပါတယ် အဝတ်အစားထဲရေစိမ့်ဝင်မှုအားက ကောင်းတော့ လွယ်လွယ်နဲ့ အပေါ်ကိုမရောက်ရှိပါဘူး အချိန်တော်ကြာမှ ရောက်ရှိခဲ့ရပါတယ်.....သူတို့ဟာ အလုပ်မလုပ်တော့ပဲ လူနာကြောင့် အမြန် ရွာထဲကို သွားခဲ့ရပါတယ် ရွာထဲရောက်တော့ သမားတော်နဲ့ပြသခဲ့ပါတယ် သမားတော်ကြီးဟာ စစ်သူကြီးရဲ့ သမီးမှန်းသိသွားတယ်.....ဒီလိုနဲ့ အကြောင်းကြားလိုက်တော့ စစ်သူကြီးတို့အိမ်ကို ခေါ်ဆောင်သွားကြပါတယ်....ဈာပနာပွဲတွေ စီစဉ်ပြီး အဆုံးသတ်ခဲ့ရပါတယ်.......

2017ကာလ.......

ရာသီဥတု တော်တော်လေးကောင်းတယ်
ဒီနေ့ရေကူးရင်ကောင်းမယ်ဆိုတဲ့ အတွေးဝင်လာတယ်
ဒီလိုနဲ့ကျွန်မရေကူးဖို့ အကောင်းဆုံးလူရှင်းတဲ့နေရာကို ရွေးချယ်ခဲ့ပါတယ်.....

ရုတ်တရက် ဘာဖြစ်မှန်းမသိ ကျွန်မရဲ့ခြေထောက် ကြွက်တက်လာတယ် အကူညီတောင်းဖို့ အခြားလူတွေလည်းမရှိဘူး အချိန်အတော်ကြာတဲ့အထိ ဘယ်သူမှပေါ်မလာဘူး

ကျွန်မနာမည် သက်တံသွေး ကျွန်မက သူငယ်ချင်း နှစ်ယောက်နဲ့ တူတူ အိမ်ခွဲပြီးနေတယ် ကျွန်မက ပန်းချီပညာရှင်တစ်ယောက်ပါ ဒါပေမယ့် အခုချိန် ရှေ့ဆက် ပန်းချီဆွဲဖို့မဖြစ်နိုင်တော့ဘူးထင်တယ်.....

အခုကျွန်မရေကူးတဲ့နေရာကတော်တော် အလှမ်းဝေးတဲ့နေရာပဲ ကယ်တင်ဖို့လူဆိုတာ မမျှော်လင့်ရလောက်အောင် လူခြေတိတ်တဲ့နေရာဖြစ်တယ်......
ကျွန်မဘာလို့တစ်ယောက်တည်း လာမိတာလဲ ကျွန်မရဲ့ကံကြမ္မာပဲလား......

ဒီလိုနဲ့ပန်းချီဆရာမလေး သက်တံ့သွေး အသက်ရှူရပ်တန့်သွားပါတော့တယ် သူကတစ်ယောက်တည်း သီးသန့်နေတာများတယ် နောက်ပြီး ဘယ်သူ့မှမပြောပဲ ခရီးထွက်တတ်လို့ သူမရဲ့သူငယ်ချင်းတွေက သတိမထားမိပါဘူး မစုံစမ်းခဲ့ပါဘူး........

ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ကျွန်မ အသက်ပြန်ရှူလာတယ် ဒါပေမယ့် ကျွန်မ ဘယ်ရောက်နေမှန်းမသိဘူး...

❤နက်ရှိုင်းလှစွာသော 🌸Tempat cerita menjadi hidup. Temukan sekarang