Stage 00

3.1K 136 10
                                    

ညသန်းခေါင်ယံအချိန်ဆင်ခြေဖုံးရပ်ကွက်တွင်ကလေးငယ်တစ်ယောက်မောပန်းစွာပြေးလွှားနေသည်။

လူခြေတိတ်ဆိတ်သောဆင်းရဲသားရပ်ကွက်ရှိလမ်းမီးရောင်မှိန်မှိန်များအောက်တွင်ပင်ပန်းစွာပြေးနေသည်။

"ခွေးကောင်လေး! အခုချက်ချင်းရပ်စမ်း!"

"ငါကအရက်သမားမို့လို့ငါ့စကားနားမထောင်တာလား ဟမ်!?"

"မိလို့ကတော့သတ်ပစ်မယ်!"

အနောက်မှလိုက်လာသောပထွေးကြောင့်ကြောက်လန့်စွာပြေးလွှားလျက်ရှိနေသော်လည်းမောဟိုက်စဉ်ခဏရပ်နားရာဝယ်ထိုကောင်လေးနှာခေါင်းမှသွေးစက်များမှာမြေပြင်သို့ကျလာလေသည်။

ဒူးကိုကိုင်၍ခေါင်းငုံ့ကာအသက်ပြင်းပြင်းရှုနေချိန်တွင်သွေးစက်များမြေပြင်သို့ကျရောက်လာခြင်းဖြစ်သည်။

ကလေးငယ်မှာသူ့နှာခေါင်းလေးအားပွတ်သပ်၍ကောင်းကင်ပေါ်သို့မော့ကြည့်ကာတွေးမိသည်။

ကျွန်တော်ငယ်ငယ်တုန်းကလူကြီးတွေကပြောကြတယ် ကြယ်ကြွေတဲ့အချိန်မှာဆုတောင်းရင်ပြည့်တတ်တယ်တဲ့။

မဖြစ်နိုုင်တာ..လူလိမ်တွေ..ဆုတောင်းဆိုတာဒီလိုလွယ်လွယ်နဲ့ပြည့်မလား...? ကောင်းကင်ပေါ်မှာကြယ်တွေထောင်ပေါင်းများစွာရှိနေတာပဲ...ဒါပေမယ့်ဘာမှမပြောင်းလဲဘူး.. တစ်စုံတစ်ယောက်ကသာကျွန်တော့်ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုရင်...ဘယ်လောက်များကောင်းလိုက်မလဲနော်...?

"မိပြီ!! ခွေးကောင်စုတ်လေး!!!"

အနောက်မှနေ၍ဆံပင်နုနုလေးများအားဆောင့်ဆွဲကာပြောလာသည်။

"ငါ့ဆီကနေပြေးရဲတယ်ပေါ့ ဟုတ်လား!? မင်းအမေအပြင်မှာသေခဲ့သလိုသေချင်လို့လား ဟမ်!?"

"အား...လွှတ်ပေးပါ..."

အသက်၁၁နှစ်မျှသာရှိသေးသောကောင်လေး၏ဆံနွယ်များအား အားဖြင့်ဆွဲထားသောကြောင့်နာကျင်မှုဖြင့်ပြောမိသောစကားသာ...။

"အဖေကိုမောကြည့်ရဲတယ်ပေါ့ဟုတ်လား?!!"

ကောင်းကင်ပေါ်မှကြွေကျတော့မည့်ကြယ်လေးတစ်စင်းအားကြည့်နေသည်ကိုအပြစ်တင်နေသောပထွေးဖြစ်သည်။

DICE Where stories live. Discover now