Chapter - 12 (Zawgyi & Unicode)
47.2K 3.9K 188
●●●ZAWGYI●●●
နောက်​တစ်​ရက်​တွင်​ ....
အိမ်​​ရှေ့စံမင်းသား မိန်းက​လေးတစ်​​ယောက်​ကို ​ပွေ့ချီကာ အိမ်​​ရှေ့စံအ​ဆောင်​သို့ ​ခေါ်သွားသည့်​သတင်းသည်​ ​တောမီးအလား လျင်​မြန်​စွာ ပျံ့ နှံ့  သွား​လေသည်​။ ထို့​ကြောင့်​လည်း မိန်​​ကွေ့ ထံသို့ သတင်းသည်​လည်း မ​နှေးပင်​ ​ရောက်​သွား​တော့သည်​။
ကျိအာ ဆီမှ သတင်းကို ကြားရချိန်​တွင်​ မိန်​​ကွေ့ မျက်​နှာပျက်​သွားသည်​။ သူမနဂိုလှ​သော မျက်​နှာသည်​လည်း မှင်​စာတစ်​​ကောင်​အလား ​ပြောင်းလဲသွား​လေသည်​။
"အဲဒီမိန်းမပျက်​က ဘယ်​သူလဲ"
".........."
"ငါ​မေး​နေတာ မကြားဘူးလား ... အဲဒီမိန်းမပျက်​က ဘယ်​သူလဲလို့ !!!!"
"သ...သခင်​မ​လေး .... ကျွန်​​တော်​မျိုးမလည်း မသိပါဘူး ... အခြားသူ​တွေလည်း ဘယ်​သူဆိုတာ မ​ဖော်​ထုတ်​နိုင်​ကြဘူး .... ​တွေ့လိုက်​ကြတဲ့သူ​တွေက အဲဒီမိန်းက​လေးကို အိမ်​​ရှေ့စံ သူ့လက်​ထဲမှာ မမြင်​ရ​အောင်​ ချီထားတာလို့ ​ပြောပါတယ်​"
အခြားမိန်းက​လေးတစ်​​ယောက်​ကို အိမ်​​ရှေ့စံ ​ပွေ့ချီသွားသည်​ကို ​တွေးလိုက်​သည့်​အခါတိုင်း မိန်​​ကွေ့ မနာလိုဝန်​တိုစိတ်​​တို့ ​ပေါ်​ပေါက်​လာပြီး သူမကြိုးစားသမျှ အချည်းနှီးဖြစ်​ကုန်​​သော​ကြောင့်​ ​အော်​ဟစ်​လိုက်​​တော့သည်​။
"အား !!!!!!"
မိန်​​ကွေ့ ​အော်​ရင်းနှင့်​ပင်​ သူမ လက်​လှမ်းမှီရာတို့ကို ကြမ်းတမ်းစွာ ဖျက်​ဆီးပစ်​​တော့သည်​။
"သ...သခင်​မ​လေး ...."
ကျိအာ ဘက်​သို့ မိန်​​ကွေ့ လှည့်​လိုက်​ပြီး ....
"အဲဒီမိန်းမယုတ်​ကို ချက်​ချင်းရှာစမ်း !!!!!"
မိန်​​ကွေ့ ​အော်​ပြီး ​စေလိုက်​​သော​ကြောင့်​ ကျိအာ ဆက်​မ​ပြောနိုင်​ချိန်​တွင်​ အခန်းထဲရှိ ​တွေ့သမျှအရာတို့ကို ပစ်​​ပေါက်​ဖျက်​ဆီးေ​နေသဖြင့်​ လှပ​နေ​သောအခန်းသည်​ အကျည်းတန်​သွား​တော့သည်​။