Chapter - 11 (Zawgyi & Unicode)
51K 4.2K 176
●●●ZAWGYI●●●
အိုက်​ရှင်း နိုးလာချိန်​တွင်​ ရှန်း ပြန်​​ရောက်​နှင့်​​နေပြီးဖြစ်​သည်​။ အ​စေခံတစ်​ဦးက စားစရာလာပို့သည့်​အခါ အိုက်​ရှင်း ကို ချီမ၍ ရှန်း ​ပေါ်တွင်​ထိုင်​​စေပြန်​သည်​။
စား​သောက်​ပြီးကြသည့်​အခါ အိုက်​ရှင်း ပြတင်း​ပေါက်​နားတွင်​ ဝမ်းနည်း​နေ​သော အမူအရာနှင့်​ ရပ်​​နေပြီး ရှည်​လျား​သောအဖြူ​ရောင်​ဆံနွယ်​တို့ကို လက်​နှင့်​ရစ်​ပတ်​​နေသည်​။ အိုက်​ရှင်း ဝမ်းနည်း​နေသည်​ကိုကြည့်​ရင်း ရှန်း လည်း ထပ်​တူခံစားရ​လေသဖြင့်​ တွန့်​ဆုတ်​​နေ​သောအသံဖြင့်​ .....
"ယုန်​​လေး ... မ​နေ့ညက​တွေ့ခဲ့တဲ့ သူငယ်​ချင်းကို ​တွေ့ချင်​လား"
မ​နေ့ညကအ​ကြောင်းကို ပြန်​​တွေးမိ​သော်​ အိုက်​ရှင်း မျက်​နှာရဲလာပြီး ငြင်းချင်​​သော်​လည်း တစ်​​ယောက်​တည်း​နေရသည်​မှာ ပျင်းစရာ​ကောင်း​သော​ကြောင့်​ ​ခေါင်းညိတ်​သ​ဘောတူလိုက်​သည်​။
ရှန်း လည်း ပြုံးလိုက်​ပြီး အိုက်​ရှင်း ကို အခန်းပြင်​သို့ ချီ၍ ​ခေါ်​ဆောင်​သွား​တော့သည်​။
"သခင်​​လေး...."
သခင်​​လေးဟု​ခေါ်လိုက်​​သော​ကြောင့်​ ရှန်း ထံမှ အနည်းငယ်​​မျက်​​မှောင်​ကြုတ်​ထားသည်​ကို အိုက်​ရှင်း ​တွေ့လိုက်​သဖြင့်​ ချက်​ချင်းပင်​ ရှန်း ဟု ​ပြောင်း​ခေါ်​လေသည်​။
အိုက်​ရှင်း ပါးနှစ်​ဖက်​မှာလည်း အ​တော်​ပင်​နီရဲ​နေသည်​။
"ရှန်​...ရှန်း ကျွန်​​တော့်​ဘာသာ လမ်း​လျှောက်​လို့မရဘူးလား"
ရှန်း ချိုသာစွာ ပြုံးပြလိုက်​ပြီး .....
"​တောင်းပန်​ပါတယ်​​နော်​ .... ဒီလိုချီသွားမှ မင်းလည်း မြန်​မြန်​​နေပြန်​​ကောင်းလာမှာ​လေ"
ရှန်း ၏ ​ဆီ​လျော်​​သော ​တောင်းဆိုသံ​ကြောင့်​ အိုက်​ရှင်း လည်း ​အောက်​ကိုချ​ပေးရန်​ မ​ပြော​တော့​ပေ။