*Part .10*

3.7K 330 4
                                    

' ​နောက်​မကျ​စေနဲ့​နော်​ အကို​လေးchan...
အကို​လေး jongin ပြန်​လာလို့အိမ်​မှာ
မရှိတာသိရင်​ ကျ​နော်​ ဆူခံရမှာ...'

' စိတ်​ချပါဗျာ... ​နောက်​မကျ​စေရဘူး '

စိုးရိမ်​မျက်​လုံးများနှင့်​လိုက်​​ကြည့်​ရင်းစိတ်​မချဖြစ်​​နေ​သောအိမ်​​တော်​ထိန်းအားစိတ်​သက်​သာ​အောင်​ပြန်​​ပြောလိုက်​ပြီးရှည်​လျားတဲ့​လျှောက်​လမ်းကိုဖြတ်​​ကျော်​ကာခြံထဲကထွက်​ခဲ့​တယ်

ကောင်​​လေးတစ်​​ယောက်​ရဲ့ရင်​ထဲမှာ​တော့
အတိုင်းမသိ​ပျော်​​နေ​လေရဲ့

jongin hyung မသိ​အောင်​အပြင်​ခိုးထွက်​တာ
ဒါပထမဆုံးအကြိမ်​ပါ
ည​နေ​စောင်း​လေး အပြင်​လမ်း​လျှောက်​ထွက်​ဖို့​ခေါ်တဲ့ yeol ရဲ့ ​တောင်းဆိုမှုကိုကျ​နော်​မငြင်းခဲ့
ကျ​နော်​လမ်း​ကောင်း​ကောင်းမ​လျှောက်​နိုင်​​သေး​ပေမယ့်​Yeol တွန်း​ပေးမယ့်​ wheelchair ​လေးအားလိုက်​စီးချင်​မိပါ၏

အိမ်​ပြင်​မှာရှိ​နေ​သော​လေ​ညင်းတို့က
baekhyun ​လေး၏ ပါးပြင်​ဖြူဖြူ​လေးအား
နမ်းရှိုက်​လိုက်​၏
ထို​ကောင်​​လေးကလည်း မျက်​လုံးစုံမှိတ်​ကာ
အနမ်းတို့ခံယူရင်း

( ဟွန့်​~...ကုန်​ပါပြီ....​ကုန်​ပါပြီ...
လေနဲ့​တောင်​သဝန်​တိုတာ ဒီauthor လည်း
အရူးပါလို့ ...)

လမ်း​လျှောက်​ရင်းကျ​နော့်​ကို​ခေါ်လာ​သော​နေရာက
မြက်​ခင်းစိမ်း​လေး​တွေစိုးမိုးပြီး cherry ပန်း​ပင်
လေး​တွေ အလှဆင်​​သော​တောင်​ကုန်း​လေးတစ်​ခု
တောင်​ကုန်း သာဆိုရတယ်​ သိပ်​မမြင့်
ခပ်​​လျော​လျော​လေး
ကျ​နော့်​အိမ်​ပတ်​​ဝန်းကျင်​မှာ  ဒါမျိုးရှိတယ်​မှန်းမသိခဲ့

မြက်​ခင်းစိမ်းနဲ့ ပန်း​ရောင်​cherry က အတော်
လိုက်​ဖက်​​နေ၏
လေတိုက်​တိုင်း​တဖျတ်​ဖျတ်​လွင့်​​ကြွေ​နေတဲ့ cherry ပန်းတို့​ကြောင့်​ ပန်းချီကား​လေးတစ်​ချပ်​လို
ဒီမြင်​ကွင်း​လေးကတကယ်​မျက်​လုံးထဲစွဲ​နေမှာ​သေချာ

ပိုပြီးပြည့်​စုံတာက ဒီcherry​တွေနဲ့
တစ်​သားတည်းကျ​နေတဲ့​ကောင်​​လေးရဲ့ အပြုံး

💖💖Tomorrow With You 💖💖( Completed)Where stories live. Discover now