Chapter - 10 (Zawgyi & Unicode)
51.5K 4.1K 55
●●●ZAWGYI●●●
ကျန်းရှီ အပြင်​ဘက်​တွင်​ရပ်​​နေပြီး ရှန်း ကို ​နှောင့်​ယှက်​ရန်​စဉ်းစား​နေစဉ်​ ရင်​ ကို အစားအ​သောက်​များပြင်​ဆင်​ခိုင်း​သည့်​ ရှန်း အသံကို ကြားလိုက်​ရသည်​။ ထိုအခါ ကျန်းရှီ ပြုံးလိုက်​ပြီး လက်​နှစ်​ဖက်​ကို ပွတ်​လိုက်​ကာ အ​စေခံထံမှ စားစရာတို့ကို ယူသွား၍ ကိုယ်​တိုင်​သွားပို့လိုက်​မည်​ဟု ဆုံးဖြတ်​လိုက်​သည်​။
စားစရာတို့ကို ကျန်းရှီ သယ်​ယူလာရင်း ရင်​ ကို စကားမဆိုရန်​​ပြောလိုက်​ပြီး တံခါးကို ​ခေါက်​လိုက်​သည်​။ တံခါးပွင့်​လာသည့်​အချိန်​ထိ မ​စောင့်​ဘဲ အခန်းထဲသို့ ကျန်းရှီ ဝင်​သွားသည်​။ ချက်​ချင်းပင်​ အိပ်​ခန်းထဲသို့​လျှောက်​သွားသည့်​အခါ အိုက်​ရှင်း ကို နမ်း​နေ​သော ရှန်း ​ကြောင့်​ ကျန်းရှီ အံ့အားသင့်​​သွား​တော့သည်​။
ကျန်းရှီ မျက်​လုံးများ အတန်​ငယ်​ပြူးကျယ်​လာပြီး စ​နောက်​သည့်​ဟန်​ပြုံးလိုက်​သည်​။
"ရှန်း မင်းက​တော့ တကယ့်​ကံ​ကောင်း​တဲ့​ကောင်​ပဲကွာ .... ဒီ​လောက်​လှတဲ့သူကို ဘာလို့ ဖုံးကွယ်​ထားတာလဲ"
အသံ​ကြောင့်​ အိုက်​ရှင်း လန့်​သွားပြီး ရှန်း ကို တွန်းထုတ်​လိုက်​သည်​။ ထိုအခါ ရှန်း ကျန်းရှီ ဘက်​သို့လှည့်​လိုက်​ပြီး မီး​တောက်​​နေသည်​ဟုထင်​ရ​သော မျက်​ဝန်းများနှင့်​ စိုက်​ကြည့်​​လေသည်​။
ရှန်း စိတ်​အလိုမကျဖြစ်​သွားသည်​ကို ကျန်းရှီ သ​ဘော​ပေါက်​သွားပြီး အ​နောက်​ကို ဖြည်းဖြည်းချင်း ​ခြေလှမ်းဆုတ်​ရင်း ......
"ရှ...ရှန်​..ရှန်း .... သူငယ်​ချင်းကလည်း ... ငါ...ငါက စားစရာ​တွေလာပို့တာပါ .... ​နောက်​ကျ​နေပြီ .. ဝှါး.... ငါသွား​တော့မယ်​"
ရှန်း ​ခေါင်းယမ်းပြလိုက်​ပြီး အိုက်​ရှင်း ဘက်​သို့လှည့်​ကာ တစ်​ချက်​နမ်းလိုက်​သည်​။ ​နောက်​တွင်​ ကျန်းရှီ ရှိရာသို့ ​လျှောက်​သွားပြီး အခန်းထဲမှဆွဲထုတ်​ကာ အပြင်​သို့ တွန်းထုတ်​လိုက်​​တော့သည်​။