ကြိုး-(5)

Start from the beginning
                                    

"အင်းဆို"

Yoona-"အဲ့ဒါဆိုစ​နေတာ​ပေါ့ ငါက​တော့မ​နေ့
ကလဲနင်​​ခေါင်းကိုက်​​နေလို့ တခုခုဖြစ်​ပြိီလားလို့
လန့်​လိုက်​ရတာ ဘာလို့အဲ့​လောက်​​နောက်​ရတာ
လဲ ငါငိုရင်​​ နင်​​ပျော်​တယ်​​ပေါ့ ရတယ်​​လေ ငါငို
ပေးမယ်​ အီး ဟီး ဗြဲ!!!!!!!"

ဘုရား​ရေ ကျားကိုက်​တာပဲ။Yoonaက​တော်​ရုံတန်​ရုံမငို။ငိုပြီဆိုရင်​လဲ ​လေးနာရီ​လောက်​​ချော့ယူရသည်​ကို Yuriအသိဆုံး။မတတ်​နိုင်​။လျှာရှည်​ပြီးသွားစတာကို။ရှည်​တာအရပ်​ပဲ
ကောင်းတယ်​ဆိုတဲ့ စကားသိပ်​မှန်​တာပဲ။

Yoonaကိုဖက်​လိုက်​ကာ

Yuri-"ငါ​မှားသွားပါတယ်​ဟာ ငါတို့နှစ်​​ယောက်
အကြာကြီး​နေမှ တူတူအိပ်​ရ​တော့အ​ပျော်​လွန်
ပြီးစလိုက်​မိတာပါ ​နောက်​တခါအဲ့လိုမလုပ်​​တော့
ပါဘူး ကတိ​ပေးပါတယ်​ ငါ့ကိုချစ်​ရင်
တိတ်​​တော့​နော်​ တိတ်​ တိတ်​"

အမှန်​ပင်​​လေးနာရီ​လောက်​​ချော့ယူလိုက်​ရသည်
ကျောင်းလဲမသွားဖြစ်​​တော့ပါ။၁၀နာရီ​လောက်​မှ
ထမင်းစားရသည်​မို့ ​မနက်​စာမက ​နေ့လည်​စာ
မကျ ။ထမင်းစား​နေတုန်း ​Yoonaတစ်​​ယောက်
မတည့်​သည့်​အချိန်​အတွင်းကြုံ​တွေ့ခဲ့ရသမျှ ၊
ကြားခဲ့ရသမျှ အဖြစ်​အပျက်​များကို ကရား​ရေ
လွှတ်​​ပြော​နေလိုက်​သည်​မှာ သတင်း​ပေါင်းစုံ
သိလိုက်​ရသည်​။ခုနကငို​နေတာသူမဟုတ်​တဲ့
အတိုင်းပဲ။နောက်​ဆိုအ​နေအထိုင်​ ဆင်​ခြင်​မှပါ။

စား​သောက်​ပြီး​တော့ အပြင်​ထွက်​လည်​ကြသည်
ပထမဦးဆုံးအ​နေဖြင့်​ ကတ္တရာလမ်း​ဘေးမှာ
သီးသန်းပြုလုပ်​ထား​ပေး​သော ​လျှောက်​လမ်း
လေး။
ထို​လျှောက်​လမ်း​လေးတွင်​ ခ​ရေပန်းများ
တောက်​​လျှောက်​စိုက်​ထားသည်​။ရာသီဥတုကလဲသာယာ​နေသည်​။မ​နေ့ညကမှ ဦးဦးဖျားဖျား
ချစ်​သူ​တွေဖြစ်​သွား​သော သူတို့နှစ်​​ယောက်​၏
စိတ်​ထဲမှာ ​ပျော်​ရွှင်​မှုအတိ။

Yuri-"Yoong"

Yoona-"ဟင်​"

Yuri-"ငါ့ကိုချစ်​လားဟင်​"

ကြိုးWhere stories live. Discover now