Chapter - 9 (Zawgyi & Unicode)
50.8K 4K 62
●●●ZAWGYI●●●
အိုက်​ရှင်း အခန်းထဲသို့ ရှန်း ဝင်​သွားသည့်​အခါတွင်​ ဒူးနှစ်​ဖက်​ကိုပိုက်​ထားပြီး ​ခေါင်းတင်​ကာထိုင်ေ​န​သော အိုက်​ရှင်း ကို​တွေ့လိုက်​သည်​။ လာပို့​ပေးထား​သောအစားအ​သောက်​တို့ကို အနည်းငယ်​ပင်​မထိထားသည်​ကိုလည်း ​တွေ့​သောအခါ အနားကိုတိတ်​တဆိတ်​တိုးကပ်​သွားပြီး အိုက်​ရှင်း ၏ ​သေးငယ်​​သောကိုယ်​ကို ​ထွေး​ပွေ့ထားလိုက်​သည်​။
ရှန်း မ​ရောက်​လာမှီအချိန်​တွင်​ ....
ရှန်း ထွက်​သွားပြီး အချိန်​အနည်းငယ်​ကုန်​သွားသည့်​​နောက်​တွင်​ အိုက်​ရှင်း နိုးထလာပြီး ကိုယ်​ကိုသန့်​စင်​ရန်​အတွက်​ လမ်း​လျှောက်​နိုင်​စွမ်း မရှိသ​လောက်​ပင်​ဖြစ်​​နေသည်​။ ထို့အပြင်​ ဖြစ်​ပျက်​သွားသည့်​အ​ကြောင်းတို့ကိုလည်း မ​ရေမရာဖြစ်​​နေသည်​။ ထိုလူသည်​ အစတွင်​ အလွန်​နာကျင်​​စေ​သော်​လည်း ခန္ဓာကိုယ်​ကပါ ထူးဆန်းလာခဲ့သည်​။ နှစ်​ဦးသားတို့အ​ကြောင်းကို ပြန်​​တွေးမိသည့်​အခါ အိုက်​ရှင်း ရှက်​​သွေးဖြာသွားပြီး ဘာ​ကြောင့်​ ရှက်​မိသည်​ကိုလည်း မ​တွေးတတ်​ဖြစ်​​နေသည်​။ အ​ကြောင်းမှာ အိုက်​ရှင်း သည်​ လုယီ ရှိစဉ်​က ဝတ်​လစ်​စလစ်​​နေဖူးသလို လုယီ နှင့်လည်း အတူ​ရေချိုးခဲ့ဖူးသည်​။ သို့​သော်​ ယခုကဲ့သို့ ရှက်​ရွံ့မှုမျိုးကို မခံစားခဲ့ဖူး​ပေ။ ထိုလူရှိ​နေစဉ်​ အဝတ်​ကင်းမဲ့ရသည်​ကို တကယ်​ပင်​ရှက်​ရွံ့မိ​လေသည်​။ ထို့အတူ မိမိကိုယ်​တွင်းသို့ ဘာ​ကြောင့်​ဝင်​​ရောက်​ခဲ့သည်​ကိုလည်း မ​တွေး​တောတတ်​​ပေ။ ထိုလူ အမှန်​ပင်​ ထူးဆန်း​နေသည်​။
စားစရာများကို လာပို့​ပေးသည့်​ မိန်းက​လေးတစ်​​ယောက်​ဝင်​​လာ​သည့်​အချိန်​မှသာ အိုက်​ရှင်း အ​တွေးစပြတ်​​လေသည်​။ မိန်းက​လေးသည်​ အစာသုံး​ဆောင်​ရန်​​ပြော​သော်​လည်း အိုက်​ရှင်း မလှုပ်​ရှားနိုင်​​ပေ။ အကယ်​၍သာ ရုတ်​တရက်​ ထလိုက်​မည်​ဆိုလျှင်​ လဲကျသွားလိမ့်​မည်​။ မလှုပ်​နိုင်​သည်​ကို မသိ​စေချင်​​သော​ကြောင့်​ စားစရာတို့ကို စားပွဲ​ပေါ်တွင်​ထား​စေပြီး ​နောက်​မှစားမည်​ဟု မိန်းက​လေးကို ​ပြောလိုက်​သည်​။ မိန်းက​လေးသည်​ စိုးရိမ်​​နေသည့်ဟန်​နှင့်​ ကြည့်​လိုက်​​သော်​လည်း ချက်​ချင်းပင်​ ထွက်​သွား​လေသည်​။