Chapter - 8 (Zawgyi & Unicode)
58.5K 4.2K 124
●●●ZAWGYI●●●
ပြီးဆုံးသွားပြီး​နောက်​ ရှန်း သည်​ အိုက်​ရှင်း နဖူး​ပေါ်ကို အသာနမ်းလိုက်​ပြီး ​ခြုံ​စောင်​ဖြင့်​ အုပ်​လွှမ်း​ပေးလိုက်​သည်​။ ချစ်​စဖွယ်​အိပ်​​မောကျ​နေ​သော ယုန်​​လေးကိုကြည့်​ရင်း အိုက်​ရှင်း ကိုယ်​​ပေါ်မှ အချစ်​အမှတ်​အသားတို့​ကြောင့်​ ရှန်း စိတ်​​ကျေနပ်​ဟန်ပြုံးလိုက်​ပြန်​သည်​။
ရှန်း ​ရေသန့်​စင်​ရန်​အတွက်​ ထွက်​သွားရန်​အပြုတွင်​ တံခါး​ခေါက်​သံ​ကြောင့်​ အဝတ်​အစားတချို့ကို ဝတ်​ဆင်​ပြီး တံခါးကိုသွားဖွင့်​​လေသည်​။
တံခါးဖွင့်​လိုက်​သည့်​အခါ ​အထိန်း​တော်​ ယန်း ကို​ ​တွေ့လိုက်​ရ​သော​ကြောင့်​ မျက်​​မှောင်​ကြုတ်​မိသကဲ့သို့ ရှန်း ၏ အ​ပေါ်ပိုင်းအဝတ်​ကင်းမဲ့သည့်​ ခန္ဓာ​ကြောင့်​ အ​စေခံ ယင်​ နှင့်​ ယန်​ တို့ မျက်​နှာနီသွား​လေသည်​။ အထိန်း​တော်​ ယန်း သည်​ ရှန်း နှင့်​ အိုက်​ရှင်း တို့ အ​ကြောင်းကို ​မေးမြန်းရန်​ပြင်​လိုက်​ချိန်​တွင်​ ရှန်း ပခုံး​ပေါ်မှ ထင်​ရှား​နေ​သော လက်​သည်းရာတို့​ကြောင့်​ အထိန်း​တော်​ ယန်း နှင့်​ အ​စေခံနှစ်​​ယောက်​လည်း ထိတ်​လန့်​သွားကြသည်​။
အထိန်း​တော်​ ယန်း သည်​ နန်း​တော်​ထဲတွင်​ ခစားလာသည်​မှာ အနှစ်​ ၂၀​ကျော်​​နေသည့်​အ​လျောက်​ မည်​သူကမှ သူမကို မ​ကြောက်​ရွံ့​စေပါ။ သို့​ပေမယ့်​ အ​ကြောင်းတစ်​ခုခု​ကြောင့်​ အိမ်​​ရှေ့စံသည်​ သူမကို စိတ်​​ရောကိုယ်​ပါ ​ကြောက်​လန့်​တုန်​လှုပ်​​စေသည်​။ သူမစိတ်​မှ အိမ်​​ရှေ့စံအနားတွင်​ စကား​လုံးနှင့်​ ကိုယ်​အမူအရာတို့ကိုထိန်းရန်​ သတိ​ပေး​နေသည်​။
အထိန်း​တော်​ ယန်း ထိတ်​လန့်​သွား​သော်​လည်း အသံမပြုရဲ​ပေ။ သူမစိတ်​ထဲက​နေသာ ​တွေးရင်း စိုးထိတ်​​နေ​တော့သည်​။
'မဖြစ်​ရဘူး ... သူမလုပ်​ခဲ့သင့်​ဘူး .... ဘုရင်​ကြီးသာ သူ့ရဲ့ကိုယ်​လုပ်​​တော်​ကို အိမ်​​ရှေ့စံက ခူးဆွတ်​သွားခဲ့ပြီဆိုတာသိသွားရင်​ အမျက်​ရှ​တော့မှာ .... ဒါ​ပေမယ့်​ အိမ်​​ရှေ့စံက ကိုယ်​လုပ်​​တော်​​တွေကိုမှ စိတ်​မဝင်​စားတာ .... ငါ အ​တွေးလွန်​တာ​နေမှာပါ .... အဲဒီအရာ​တွေက အခြား​တစ်​​နေရာက​နေ ရလာတာ​နေမှာ .... အိမ်​​ရှေ့စံက ဒီလိုအပြစ်​ကို​တော့ မပြု​လောက်​ပါဘူး '