Chapter - 6 (Zawgyi & Unicode)
55.6K 4.4K 229
●●●ZAWGYI●●●
အိမ်​​ရှေ့စံအ​ဆောင်​​တော်​ .....
ကျန်းရှီ လက်​​ပေါ်​မေးတင်​လိုက်​ပြီး ရှန်း ကိုစိုက်​ကြည့်​​နေရင်းနှင့်​ ​ပြော​လေသည်​။
"ရှန်း မင်းက​တော့ တကယ်​​ကံ​ကောင်းတဲ့​ကောင်​ပဲ .... မိန်းက​လေး ဟွာ မင်းကိုလာရှာ​နေတယ်​"
ပုံမှန်​အတိုင်းပင်​ ကျန်းရှီ ကို ရှန်း ဂရုမပြုဘဲ အ​စေခံတစ်​​ယောက်​လာရန်​ ​ခေါ်လိုက်​သည်​။ အ​စေခံလည်း လျင်​မြန်​စွာ​ရောက်​လာပြီး အရိုအ​သေပြု​လေသည်​။
"အိမ်​​ရှေ့စံမင်းသား ဘာများအလိုရှိလို့ပါလဲ"
"ကိုယ်​လုပ်​​တော်​ ဟွာ ငါ့ကို ရှာ​နေတယ်​လို့ကြားတယ်​ အ​စောင့်​​တွေကို သွား​ပြောလိုက်​ပါ သူတို့အသက်​ကို မြတ်​နိုးတယ်​ဆိုရင်​ ​နောက်​ထပ်​အမှားမလုပ်​မိပါ​စေနဲ့လို့"
အ​စေခံလည်း ​ခေါင်းညိတ်​ပြပြီး အပြင်​ဘက်​တံခါးတွင်​​စောင့်​​နေ​သော အ​စောင့်​နှစ်​​ယောက်​ကို သွား​ပြော​လေသည်​။
ရှန်း ၏ လျစ်​လျူရှုမှု​ကြောင့်​ မိန်​​ကွေ့ သည်​ သူမအစီအစဉ်​ကို မပြုလုပ်​လိုက်​ရဘဲ စိတ်​တိုသွားပြီး သူမအ​ဆောင်​သို့ ပြန်​ခဲ့​လေသည်​။ အ​ဆောင်​ကို​ရောက်​​တော့ ဧကရာဇ်​ သူမကို လာ​တွေ့သည့်​အ​ကြောင်းကို ကျိအာ ထံမှကြားလိုက်​ရ​တော့ ပို၍ စိတ်​ရှုပ်​သွား​လေသည်​။
ဧကရာဇ်​ ကိုယ်​လုပ်​​တော်​အသစ်​ ​ကောက်​​တော်​မူသည့်​အ​ကြောင်းသည်​ အိမ်​​ရှေ့စံအ​ဆောင်​သို့ ​ရောက်​ရှိလာ​လေသည်​။
"ရှန်း .... အဲဒီသူက ဘုရင်​ကြီး​ကိုယ်​တိုင်​ ​တော်​ဝင်​ကိုယ်​​လုပ်​​တော်​အဖြစ်​ သတ်​မှတ်​မယ်​လို့ ​ပြောလိုက်​ရ​အောင်​ကိုပဲ အရမ်းလှတာတဲ့ .... ငါ့ငယ်​သား​တွေ​ပြောတာ​တော့ အဲဒီသူက ​တော်​ဝင်​ကိုယ်​လုပ်​​တော်​ မဖြစ်​နိုင်​တာ သူက ​ယောက်ျား​လေးဖြစ်​​နေလို့တဲ့ ..... ပြီး​တော့ ငါ​ပြောတဲ့အတိုင်းပဲ အဲဒီ​ကောင်​​လေးက တကယ်​လှလွန်းလို့ ငါ့ငယ်​သား​တွေ​တောင်​မှ သူ့ကို နတ်​သားလို့​တောင်​ ထင်​​ခဲ့ကြတာတဲ့"