Chapter - 5 (Zawgyi & Unicode)
50.8K 4K 287
●●●ZAWGYI●●●
အိမ်​​ရှေ့စံ အ​ဆောင်​​တော်​တွင်​ .....
ရှန်း သည်​ ဥယျာဉ်​​တော်​တွင်​ ကိုယ်​ခံပညာရပ်​ဆိုင်​ရာစာအုပ်​ကို ​ငြိမ်းချမ်းစွာ ​ဖတ်​​နေချိန်​ ကျန်းရှီ ၏ ကျယ်​​လောင်​​သောအသံသည်​ ဝင်​​နှောင့်​ယှက်​​လေသည်​။
"ရှန်း !!! ဘုရင်​ကြီးရဲ့အဖိုးတန်​ပန်း​လေးက မင်းကို လာ​တွေ့သွားတယ်​ဆို !!! မင်း​တော့ ... ဘာလို့ ငါ့ကိုမ​ပြောတာလဲ"
ထုံးစံအတိုင်း ကျန်းရှီ ကို ရှန်း လျစ်​လျူရှုထားပြီး စာအုပ်​ကိုသာ ဆက်​ဖတ်​​နေသည်​။ ရှန်း ဘာမှ​မ​ပြောသည်​ကို သိလိုက်​​သော​ကြောင့်​ ကျန်းရှီ သည်​ စာအုပ်​ကို ဆွဲလုလိုက်​သည်​။ သို့​သော်​ လှုပ်​ရှားမှု​နှေး​ကွေးသွားပြီး ရှန်း ထံမှ အရိုက်​ခံလိုက်​ရသည်​။
"အဲဒီအ​ရေးမပါတာ​တွေကို ​ပြော​နေမယ့်​အစား တိုက်​ရည်​ခိုက်​ရည်​​လေး တိုးတက်​​အောင်​ ​လေ့ကျင့်​​နေပါလား ..... မင်း အများကြီး​လေ့ကျင့်​ဖို့လိုတယ်​"
ရှန်း ကို ကျန်းရှီ တစ်​ချက်​စိုက်​ကြည့်​လိုက်​ပြီး အလစ်​တိုက်​ရန်​ ကြိုးစား​လေသည်​။ သို့​သော်​ ရှန်း ၏ ချုပ်​ထိန်းခြင်းကိုသာ ခံရ​လေသည်​။ နှစ်​ကြိမ်​ သုံးကြိမ်​ ကြိုးစားတိုက်​ခိုက်​ပြီး​နောက်​ မနိုင်​​တော့သဖြင့်​ အရှုံး​ပေးပြီး ဥယျာဉ်​​တော်​တွင်းရှိ ​လမ်းခင်းထား​သော စကျင်​​ကျောက်​ပြားများ​ပေါ်တွင်​ လဲ​လျောင်းလိုက်​သည်​။ အတန်​ကြာပြီး​သော်​ ကျန်းရှီ ထထိုင်​လိုက်​ပြီး မျက်​နှာကို ​လက်​ဖြင့်​​ထောက်​ကာ ရှန်း ကို အားမရစွာ ​မေး​လေသည်​။
"ရှန်း .... အလှဆုံးမိန်းက​လေးတစ်​​ယောက်​က မင်းကို ကိုယ်​တိုင်​ကိုယ်​ကျလာ​တွေ့တာ​တောင်​ ဘယ်​လိုလုပ်​ ​အေး​စက်​နိုင်​ရတာလဲ .... မင်း ​ယောက်ျား​ရောဟုတ်​ရဲ့လား"
ကျန်းရှီ ကို ရှန်း မျက်​လုံးပင့်​ကြည့်​ကာ ​ပြော​လေသည်​။
"ဘုရင့်​ကိုယ်​လုပ်​​တော်​​တွေကို ငါစိတ်​မဝင်​စားဘူး ..... မင်းလည်း မင်း​ခေါင်းကို မြတ်​နိုးတယ်​ဆိုရင်​ အဲဒါ​တွေကို စိတ်​ဝင်​စား​နေတာ ​တော်​သင့်​ပြီ"