Chapter - 4 (Zawgyi & Unicode)
Start from the beginning
ဧကရာဇ်​၏ ​ကြေညာချက်​ကို လူအများ စိတ်​ဝင်​စားသွားကြသည်​။ နန်းတွင်းအရာရှိများ၊ စစ်​သူကြီးတို့နှင့်​ ရဲမက်​တို့သည်​ အိမ်​​ရှေ့စံမင်းသားကို ​အလွန်​ပင်​ ​လေးစားကြပြီး အိမ်​​ရှေ့စံ ​ရောက်​လာမည်​ကိုလည်း ​စောင့်​​နေကြသည်​။ အိမ်​​ရှေ့စံသည်​ မည်​မျှပင်​ အထုံပါရမီပါပြီး စွမ်းအားကြီးသည်​ကိုလည်း သိရှိကြပြီးဖြစ်​သည်​။ ထို့​နောက်​ မိမိတို့အာရုံကို ဧကရာဇ်​ထံမှ ပြန်​လည်​စုစည်းလိုက်​ကြပြီး အိမ်​​ရှေ့စံအတွက်​ မည်​သို့​သော လက်​​ဆောင်​တို့ကို​ပေးရန်​ စိတ်​ထက်​သန်​စွာ ​တွေး​တော​နေကြသည်​။ ထိုအ​တွေးများထဲတွင်​ မိမိတို့၏ ကျန်​ရှိ​နေ​သော သမီးပျိုများနှင့်​ ဆွဲ​ဆောင်​ထားရန်​ဆိုသည့်​ အကြံလည်း ပါဝင်​ခဲ့သည်​။ တစ်​ဖက်​တွင်​လည်း ကိုယ်​လုပ်​​တော်​တို့သည်​ အထင်​​သေးမြင်​ရှုံ့ ချကြပြီး မလိုလားဟန်​ ​တွေး​နေကြသည်​။
'ဟွန့်​ အိမ်​​ရှေ့စံလည်း ဘာထူးခြားမှာလဲ .... သူ့အ​ဖေလိုပဲ ရုပ်​ဆိုး​နေမှာ​ပေါ့ .... ဒီပုပ်​ထဲက ဒီပဲအတိုင်းဖြစ်​​နေမှာပဲ '
သားနားသပ်​ရပ်​စွာ ဝတ်​ဆင်​ထား​ပြီး အရှိန်​အဝါ​တောက်​လွန်း​သော ​ယောက်ျားပျိုနှစ်​​ယောက်​ ဝင်​လာသည့်​အချိန်​တွင်​ အားလုံး​သောအ​တွေးများ ပျက်​ပြယ်​သွားရသည်​။ ထိုသူနှစ်​​ယောက်​တို့သည်​ ရှည်​လျားနက်​​မှောင်​​သော ဆံနွယ်​တို့နှင့်​ ​တောင့်​တင်းလှ​သော ခန္ဓာကိုယ်​ကို ပိုင်​ဆိုင်​ထားကြသည်​။ တစ်​​ယောက်​သည်​ ခက်​ထန်​ပြီး ငြီး​ငွေ့​သော မျက်​နှာပုံရှိ​နေပြီး အခြားတစ်​​ယောက်​သည်​ တက်​ကြွ​နေပြီး ဘဝင်​ရှိ​နေ​သော ပုံစံနှင့်​ဖြစ်​သည်​။ ထိုသူနှစ်​​ယောက်​သည်​ ဧကရာဇ်​​ရှေ့​မှောက်​တွင်​ အရိုအ​သေ​ပေးလိုက်​သည်​။
"အရှင်​မင်းကြီး .... အိမ်​​ရှေ့စံ ရှန်း နဲ့ စစ်​သူကြီး ကျန်းရှီ တို့ မင်းကြီးကို အရိုအ​သေပြုပါတယ်​ .... အရှင်​မင်းကြီး အသက်​ရာ​ကျော်​ရှည်​ပါ​စေ"
မိန်​​ကွေ့ အပါအဝင်​ ကိုယ်​လုပ်​​တော်​တို့သည်​ မထင်​မှတ်​ထား​သော​ကြောင့်​ အလွန်​ပင်​ အံ့အားသင့်​သွားကြသည်​။ မိန်​​ကွေ့ သည်​ အိမ်​​ရှေ့စံ ကို စူးစိုက်​ကြည့်​ပြီး ​.....